Unicodeသူ ဆိုတာ...
အလှဆုံး မိန်းကလေး...အလှဆုံးပန်းလေးတွေတောင်သူ့ဘေးနားရောက်ရင် အလိုလို မှေးမှိန်သွားလောက်အောင်တစ်ခါကြည့်မိရုံနဲ့ မျက်နှာလွှဲမရနိုင်လောက်အောင် ချောမောလွန်းတဲ့ သူမျိုး...
ဘယ်လောက်ပဲ နာကျင်အောင် သူ့ကို ပြုမှုဆက်ဆံနေပါစေ တစ်ချက်ကလေးတောင် နာတယ်လို့ မညည်းညူတတ်တဲ့သူမျိုး...
ဒါကတော့ သူနဲ့အတွင်းကျကျ ပတ်သက်ဖူးသူတွေဆီက တစ်စွန်းတစ်စ ပြောသံကြားဖူးတာပါ...
မျက်မြင်ကိုယ်တွေ့တွေကတော့ ဘယ်လောက်ပဲ ရိုင်းစိုင်းတဲ့စကားတွေနဲ့ သူ့ကို ပြောဆိုနေပါစေ လုံးဝ မျက်နှာမပျက်ယွင်းတတ်တဲ့ သူ...
ထွက်သွားပါလို့ နှင်ထုတ်နေတာတောင် သူလိုချင်တာ မရသေးရင် မျက်နှာပြောင်တိုက်ပြီး
ဘေးနားမှာ ကပ်ပါးကောင်လို အမြဲ ကပ်တွယ်နေတတ်တဲ့ သူ...သူကလေ ကျွန်တော်ကြားဖူးတဲ့ ရာဇဝင်ထဲက ကယ်လီယိုပက်ထရာ အလှဘုရင်မလိုမျိုးပဲ
ရုပ်ကလေးနဲ့ မလိုက်မဖက် အေးခဲနေတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရုံမက သူ့ဘဝကောင်းစားဖို့ လုံခြုံဖို့အတွက် လုပ်ပေးနိုင်တဲ့သူဆို ဘယ်လိုလူမျိုးဖြစ်ဖြစ် ဘဝတစ်ခုလုံး ပုံအပ်လိုက်ဖို့ ဝန်မလေးတတ်သလိုသူလိုတာ ရသွားပြီးလို့ အသုံးမဝင်တော့တဲ့အခါ ကန်ထုတ်လိုက်ဖို့ တစ်စက်လေးမှ မတွန့်ဆုတ်တတ်တဲ့ သူ...
ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး စူပါစတားမင်းသား
တစ်ယောက်ဖြစ်သလို ဘေးနားမှာလည်း စပွန်ဆာတွေဆိုတာ ပင်လယ်ကမ်းစပ်က သဲမှုန်တွေလိုမျိုး မရေမတွက်နိုင်အောင်အထိ ပိုင်ဆိုင်ထားတဲ့သူ...သူ့အတွက်ဆို အသက်ပေးပြီး ချစ်ပြနိုင်လောက်တဲ့အထိ မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်လေးတွေကိုသာမက အရွယ်လွန်နေတဲ့ သေခါနီး လူတွေအထိ အသက်အရွယ်မျိုးစုံ ကလေး လူကြီး ယောက်ျား မိန်းမအားလုံးကို အပြုံးတစ်ပွင့်နှင့် ချုပ်ကိုင်ထားတဲ့ သူ...
သူဆိုတဲ့ လူကလေ ဒီကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ကြောက်စရာအကောင်းဆုံး လူသား...
![](https://img.wattpad.com/cover/127403430-288-k217922.jpg)
YOU ARE READING
Venus Flytrap ( Book 1 )
General Fictionသူဆိုတဲ့ လူကလေ ဒီကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ကြောက်စရာအကောင်းဆုံး လူသား...