Part-1

4K 360 32
                                    


Unicode

"သားရေ ... Ni Ni Ommaတို့ကို ထားသွားပြီ"ဆိုတဲ့ စကားအဆုံးမှာ ခဏလောက် အသက်ရှူသံတွေရပ်တန့်လျက်။
ဖုန်းထဲကနေ ရှိုက်သံတွေ ဗလုံးဗထွေးနဲ့ Omma ဖုန်းဆက်လာတော့ နားထဲဝင်တစ်ချက် မဝင်တစ်ချက်။

ဒါက ကျနော်မျှော်လင့်ထားခဲ့တဲ့အရာမဟုတ်ဘူး။

ဒီနေ့တစ်မနက်ခင်းလုံး Ni Ni ဆီက ဖုန်းကိုမျှော်နေခဲ့တာ။

သူ့ရဲ့ အသစ်စက်စက် သတိုးသားလောင်းအကြောင်းနှင့် သူ့ရဲ့ wedding day အမှတ်တရ ရင်ခုန်သံတွေ။

ဟင့်အင်း မဟုတ်ဘူး...မဟုတ်ဘူး မဖြစ်နိုင်ဘူး ဒီနေ့က သူမင်္ဂလာဆောင်မဲ့နေ့လေ... ကျနော် စောင့်မျှော်နေခဲ့တာ မင်္ဂလာသတင်းတွေလေ ...အခုလို ကျနော်ကို သူအပြီးအပိုင်ထားသွားပြီဆိုတာ နားထောင်ဖို့ တစ်ချိန်လုံး ဖုန်းမျှော်နေခဲ့တာမဟုတ်ဘူး။

ညကပဲ ကျနော်တို့တွေ ဖုန်းပြောခဲ့ကြသေးတယ်မလား။အရာအားလုံးက ပုံမှန်လည်ပတ်နေရသားနဲ့ ဒီနေ့မနက်ခင်းကျမှ ဘာလို့ ပြောင်းလဲသွားရတာလဲ။

" မဟုတ်ဘူး ... မဟုတ်ဘူးမလား omma... သားကို လိမ်နေတာမလား ... Ni Ni က ဘာလို့ ကျနော်တို့ကို ထားသွားရမှာလဲ "

ခါးခါးသီးသီးငြင်းဆိုရင်း အပြစ်ကင်းတဲ့ Ni Niရဲ့ မျက်နှာလေး မြင်ယောင်မိတော့ မျက်ရည်တွေဟာ တစ်စက်စက်နဲ့ မရပ်မနားကျလာခဲ့တယ်။

တစ်အိမ်လုံးက မွေးရာပါနှလုံးအားနည်းနေတဲ့ ရောဂါသည်လေးမလို့ ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလို ဥထားရတဲ့ ကျနော့်ညီလေး။

တစ်မိနစ်ပဲခြားပေမဲ့ ကျနော်နဲ့အတူတူ လောကကြီးထဲရောက်လာခဲ့ပေးလို့ အထီးမကျန်ခဲ့ရတဲ့နေ့ရက်တိုင်း အတွက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပေးတာကိုပဲ အမြဲကျေးဇူးတင်ခဲ့ရတဲ့သူ။

အတူတူ L.A.ကိုခေါ်သွားခဲ့ချင်တာတောင် မိဘနဲ့ဝေးနေတဲ့ နိုင်ငံရပ်ခြားမှာ နေမကောင်းဖြစ်နေရင် အစ်ကိုတစ်ယောက်အနေနဲ့ တာဝန်မကျေမှာစိုးလို့ ။

တစ်ခုခုဖြစ်သွားရင်လေ ဆိုတဲ့ အတွေးနဲ့ စိတ်မချခြင်းများစွာနဲ့ ထားရစ်ခဲ့ရတဲ့သူ။

Venus Flytrap  ( Book 1 )Where stories live. Discover now