Unicode
မနက်ခင်းရဲ့ နေရောင်ခြည်က မှန်ပြတင်းကနေတစ်ဆင့် ထိုးဖောက်၀င်လာတဲ့အခါ
"ဒုက္ခပါပဲ နောက်တောင်ကျပြီလားမသိ"
ကမန်းကတန်းထရင်း နံရံကပ်နာရီကြည့်လိုက်တော့ မနက်ဆယ်နာရီ
ညက အိပ်မပျော်ပဲ လင်းခါနီးမှ အိပ်ပျော်သွားခဲ့တာကြောင့်လည်းပါသည်။
Doctor Park ဆေးရုံကို သွားဖို့ Baekhyun နဲ့ ချိန်းထားတာက ဆယ့်တစ်နာရီဆိုတော့ အချိန်သိပ်မကျန်တော့။
အိပ်ရာပေါ်ကနေဆင်းလိုက်တော့ ဘေးကစားပွဲကို လက်နဲ့တိုက်မိပြီး စာခေါက်တစ်ခုက ပြုတ်ကျသွားကာ ခြေမျက်စိနားမှာ။
Kai စိတ်ရှုပ်စွာနဲ့ ဆံပင်တွေဖွလိုက်ပြီး သူ့ခြေထောက်အောက်က စာရွက်ကို ဖွင့်ကြည့်တော့ ပြေစာတစ်စောင်
သူအရင်က Sehun Bank Acc ထဲ လွှဲပေးသမျှ ပိုက်ဆံအားလုံး တစ်ပြားတစ်ချပ်မှ မလျော့ပဲ သူ့ Acc ထဲ ပြန်လွှဲပေးထားခြင်းပင်။
အခန်းထဲမှာလည်း Sehunရဲ့ အသုံးအဆောင်တွေ မရှိပဲ ရှင်းလင်းနေခဲ့သည်။
မှတ်ထားသည့် နံပတ်တစ်ခုကို ဆက်သွယ်ကြည့်တော့ လုံး၀ဆက်သွယ်၍ မရတော့။
Sehun ထွက်သွားပြီလား
သူ့မေးခွန်း သူပြန်မဖြေနိုင်ခင်မှာပဲ ရင်ဘတ်တစ်ခုလုံး ပူလောင်လာသည်။
" ဟင့်အင်း ... မဖြစ်ရဘူး ... မင်း ဘယ်ကိုမှ ထွက်သွားလို့မရဘူး Sehun ... ငါမင်းဆီက အကုန်ပြန်မရသေးဘူး "
ပြေစာ စာရွက်ကို နာကျင်စွာ ဆုပ်ကိုင်ရင်း သူအရူးတစ်ယောက်လို ရွတ်နေမိသည်။
တစ်ချိန်က Sehun တန်ဖိုးဖြတ်ခဲ့သည့် မင်းပိုင်ဆိုင်သမျှအရာအားလုံးဆိုတာ အခုမှ သူ ကောင်းကောင်းနားလည်လာခဲ့သည်။
သူ Sehun ကို ပေးခဲ့တဲ့ထဲ အပေါ်ယံပိုင်ဆိုင်မှုတွေသာမကပဲ သူ့ပျော်ရွှင်မှု သူ့အနာဂတ် နောက်ဆုံး ဘယ်အချိန်က ပေးမိခဲ့လဲ မသိသည့် သူ့နှလုံးသားတစ်ခုလုံးပါ ပါ၀င်နေခဲ့သည်ဆိုတာ ဆုံးရှုံးလိုက်ရတဲ့ အချိန်မှ ခြောက်ခြားစွာ သိလာရသည်။
YOU ARE READING
Venus Flytrap ( Book 1 )
Aktuelle Literaturသူဆိုတဲ့ လူကလေ ဒီကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ကြောက်စရာအကောင်းဆုံး လူသား...
