00:30 (V day)

72 3 0
                                    

ချစ်ခြင်းမေတ္တာဟာ ကိုကို့မျက်မှန်အောက်က မျက်ဝန်းလဲ့လဲ့လေးအပေါ်မှာ မှီတည်တယ်...။
ရင်ခုန်တာလဲ မဟုတ်ပါဘဲ ကလေးမက ကိုကို့ကို မြင်ရင် စိတ်ထဲ အမည်မသိတဲ့ ခံစားချက်တွေ မွေးဖွားလာတတ်တယ်။ ကိုကို့ အနားနားမှာ ကပ်ခိုနေရတာလေးကို သဘောကျတယ်။ ကိုကို့မျက်နှာလေးကို ဘေးတိုက်ငေးရတာမျိုး၊ ကိုကို့စကားသံလေးကို နားစွင့်ရတာမျိုးက ကလေးမရဲ့ အနှိုင်းမဲ့ ပျော်ရွှင်ခြင်း တစ်ခုပါပဲ..။ သိပ်မပြုံးပါနဲ့ကိုကို...။ ကိုကို့ရယ်သံတွေကို တစ်ယောက်ယောက်ကများ သဘောကျ နှစ်သက်သွားရင်ဖြင့် ကျွန်တော်မျိုးမမှာ ရင်ကွဲနာကျရဦးမယ်။ အဲ့သွားစွယ်လေးတွေက ဘယ်အတိုင်းအတာထိ လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်တာပါလိမ့်...။ ကမောက်ကမ အခြေအနေမျိုးတွေမှာပဲ ကိုကိုနဲ့ တွေ့တွေ့နေရတာမို့ ဒီကောင်မလေးကို စိတ်ပျက်နေမလား တွေးမိပေမယ့် ကိုကိုကတော့ သတိတောင်ထားမိမှာမဟုတ်။ သဘောကျတယ်ကိုကို....။ ရိုးရိုးလေးပဲ..။ ယုံကြည်ဖို့ မပြောချင်ပေမယ့် ကိုယ်သိပ် သဘောကျတာတော့ သေချာကြောင်း ဝန်ခံပါတယ်။ ကိုကို့လည်တိုင်ကျော့ကျော့ကို ဘယ်အချိန်မှာများ နမ်းရှိုက်ခွင့် ရနိုင်မလဲ မသိပေမယ့် ကလေးမက ဇွဲ မလျော့ပါဘူး။ ကိုကို မသိဘဲ ပေးလိုက်မိတဲ့ လက်ဆောင် သေးသေးလေးက ကိုယ့်အတွက်တော့ ကြည်နူးခြင်း အတိပါပဲ။ မြတ်နိုးတယ်... ကိုကို။ တစ်နေ့နေ့တစ်ချိန်ချိန်များ ကိုကို့အနားကို ရောက်လာနိုင်ခဲ့ရင် ကိုယ်ပြောပြရဦးမယ်။ ချစ်လွန်းလို့ လုပ်ခဲ့မိတဲ့ ကိုယ့် အူကြောင်ကြောင် လုပ်ရပ်တွေကိုပေါ့....။ ကိုကို့ကြောင့် ဒီနေ့ဟာ ကိုယ့်အတွက် သိပ်တန်ဖိုးရှိလှတဲ့ နေ့တစ်နေ့ ဖြစ်သွားခဲ့တာ... ကျေးဇူးတင်ပါတယ်။ ကိုယ့်အတွက် ချောကလက်တွေ ပန်းစည်းတွေထက် သာလွန်တဲ့ လက်ဆောင်တစ်ခုက ကိုယ့်လက်ထဲမှာ ...။ ကိုကိုစောင့်မျှော်နေပေးပါ။ ချစ်တဲ့ ကလေးမက ကိုကိုရှိရာကို တစ်လှမ်းချင်းလာနေတာ ။ မနှင်လွှတ်ခင်အထိ ကိုကို့ဘေးနား အရိပ်လိုနေဖို့....။ ကျွန်တော့်ချစ်ခြင်းမေတ္တာ တွေကို ကိုကို့ထံမှာ အသုံးတော်ခံဖို့....။

(Valentine's dayအတွက် ကိုကို့ကိုပေးတဲ့ ကလေးမရဲ့ သီးသန့်လက်ဆောင်.... ချစ်သူခင်သူ ပေါတဲ့ ကိုကိုဟာ ဒီနေ့အတွက် လက်ဆောင် မရှားနိုင်တာမို့.... ကိုယ်ကတော့ ကိုယ်တိုင်ရေးတဲ့ စာလွှာသီးသန့်လေးပဲ လက်ဆောင်ပေးနိုင်တယ်။ ကာယကံရှင်တောင် မသိပေမယ့်လည်း ရေးသူရင်ထဲက မြတ်နိုးစွာနဲ့ ဖြစ်တည်လာတဲ့ လက်ဆောင်လွှာ )

00:00 နာရီ တမ်းချင်းWhere stories live. Discover now