စွဲလန်းရူးသွပ်ခြင်းကို ဖြေဖျောက်နိုင်ဖို့ ကြိုးစားကြည့်တယ်...။
အချည်းနှီးပါပဲ... ခင်ဗျားရယ်။
ချစ်နည်းပေါင်းစုံနဲ့လည်း ချစ်ဖို့ ကြိုစားခဲ့ပါတယ်...။
ဒါပေမယ့်လေ ... ကျွန်တော်တို့ဟာ အစတည်းက ဝေးကွာခြင်းတွေဆီ ဦးတည်နေကြတာပဲ မလား။
ကျွန်တော် အရမ်းပင်ပန်းတယ် Mania !
ကိုကို့ကို ဆက်ချစ်ဖို့... ကိုကိုနဲ့ ပတ်သက်တဲ့ စွဲလန်းစိတ်တွေကို ဖျောက်ပစ်ဖို့... သိပ်ခက်ခဲတယ်......။
ရှေ့ဆက်မယ့် နေ့ရက်တွေကို တွေးရင်းတွေးရင်း သေဆုံးတယ်.....။
အရာအားလုံးနဲ့လဲပြီး ခင်ဗျားကို ပိုင်ဆိုင်ဖို့ ကြိုးစားတယ်..။
ခင်ဗျားကို လွှတ်ချလိုက်ဖို့ စဉ်းစားတယ်...။
ဒွိဟတွေကြား ကျွန်တော်ဟာ ခင်ဗျားဝင်္ကပါထဲ ထွက်လမ်းပျောက်နေတဲ့ ယုန်ငယ်လေးပေါ့....။
ချစ်တယ်... ကိုကို....။
မျက်နှာချင်းဆိုင်တည့်တည့်က ကိုကိုနဲ့ သူမကို အတူယှဉ်ကြည့်ပြီး ကျွန်တော် မျက်ရည်တွေနဲ့ ပြုံးနေခဲ့သလား မသိဘူး....။
ကြည်ကြည်နူးနူး ကြည့်နေတဲ့ ကိုကို့မျက်လုံးတွေဟာ ကျွန်တော့်ကို မဖြစ်ရကောင်းလားလို့ စိတ်မကောင်း မဖြစ်ရဲပါဘူး......။
ကျွန်တော်ဟာ ထိုက်တန်မှု မရှိတဲ့လူသားမို့..။