တစ်ယောက်ပြီးတစ်ယောက် ချစ်လာခဲ့လည်း
မင်းမှမဟုတ်တာ....။
နက်နက်ရှိုင်းရှိုင်း နေရာယူဖို့ကို မင်းကလွဲ ဘယ်သူတတ်နိုင်ပါ့မလဲ...။
သေရာပါမယ့် အနာရွတ်လေး.....။
၁၆နှစ်အရွယ် ကလေးမလေးရဲ့ ရင်ခုန်ခြင်းလေး...။
တစ်ပါးသူအနားက ငါ့ဖြစ်တည်ခြင်းလေး...။
ငါ့ရဲ့ အရာရာဖြစ်ခဲ့တဲ့ တစ်ယောက်သောသူလေးကိုလေ....
သတိရတယ်ဆိုတာလောက်တော့ ပြောပြချင်တယ်။
သူ့ရင်ခွင်မှာ ခိုလှုံနေရင်း ငါ့ချစ်ခြင်းတရားတွေ မင်းလက်ခံရရှိပါစေ....။
အဲ့လောက်တော့ အတ္တကြီးခွင့်ရှိတယ်မလား?