00:00

31 2 0
                                    

ဒီအတိုင်းလေးပဲ နေလို့ရမလား။ ကျွန်တော်တို့က ရင်ဘတ်ချင်းနီးတဲ့ သူစိမ်းတွေအဖြစ်လေ....။ ကော်ဖီကြိုက်တဲ့ကျွန်တော်နဲ့ လက်ဖက်ရည်ကြိုက်တဲ့ ကိုကို... စားပွဲတစ်ခုမှာ အတူထိုင်ပြီး ဒီနေ့ဝတ်ထားတဲ့ အဝတ်အစား အကြောင်း ငြင်းခုန်နေကြ တာမျိုးပေါ့.....။ classical music နဲ့ EDMအကြောင်းက အစ ခင်ဗျားချစ်တဲ့ ကြောင်လေးအကြောင်း အဆုံး ကျွန်တော့်ကိုပြောပြပေး။ တစ်ခါတစ်လေတော့လည်း ကျွန်တော်တို့ ဘေးက လက်တွဲဖော်ကောင်းတွေအကြောင်း ပြောကြမယ်။ ဘယ်သူ့ကိုချစ်လဲမေးရင် ကိုကို့ကိုပဲ လို့ ဖြေမယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ချစ်သူတွေ မဟုတ်ဘူး။ ချစ်တာတွေ မေတ္တာတွေ မသိဘူး။ ကိုကိုက ကျွန်တော့်ရဲ့ ကျွန်တော်ပဲ.....။ ဒီလိုပဲ....တကယ့်ကို ရိုးရိုးလေး ကျွန်တော်တို့ရဲ့ ပတ်သက်မှူက တကယ်ကို ဒီလိုပါပဲ.....။

00:00 နာရီ တမ်းချင်းWhere stories live. Discover now