လက်ထဲက ဖန်ခွက်လေး ကျကွဲသွားတယ်။ စိတ်မကောင်းစရာပဲ....အထဲမှာ ချစ်ခြင်းတရားတွေ အပြည့်ထည့်ထားတာ....။
သက်တန်းရှည်ကြာတဲ့ ဝိုင်တွေလိုပဲ ဖန်ခွက်ထဲက ချစ်ခြင်းတရားတွေကလည်း တန်ဖိုးရှိပါတယ်။
ခက်ခက်ခဲခဲ ဖျော်စပ်ထားတဲ့ ဒီဝိုင်တွေထဲမှာ မင်းရယ်... ကိုယ့်နှလုံးသားလေးရယ် ပါဝင်တယ်လေ....။ အခု လက်ထဲက ဖန်ခွက်လေးထဲ ဘာချစ်ခြင်းတရားမှ မရှိတော့ဘူး။ အဲ့လိုပဲ...........
မင်းလည်းမရှိတော့ဘူး။
ကိုယ့်နှလုံးသားလေးလည်း မရှိတော့ဘူး။