ချစ်လားတဲ့ ... သိပ်ချစ်တာပေါ့...။
ဒါပေမယ့် ချစ်တယ်ဆိုတဲ့ နေရာမှာပဲ ရပ်ထားတယ်...။ချစ်တာတစ်ခုတည်းနဲ့တော့ မင်းဘဝထဲ အတင်းဝင်ပြီး မင်းလွတ်လပ်ခွင့်တွေကို
လိုက်နှောင့်ယှက်ရလောက်တဲ့အထိ ကိုယ် ကလေးမဆန်ပါဘူး။ ကိုယ်ဝါသနာပါရာ စိတ်ပျော်ရာလုပ်ရင်း ရိုးရိုးရှင်းရှင်းနဲ့ပဲ ဖြတ်သန်းကြမယ်။ တစ်ခါတစ်လေ သတိရရင် သတိရမယ် ...။ တစ်ခါတစ်လေ ခပ်ဝေးဝေးက ငေးကြည့်မယ်။ နှလုံးသားက ဘဝနဲ့ မဆိုင်ဘူး အချစ်ရဲ့...။ စိတ္တဇနာမ်နောက်လိုက်ရင်း ကိုယ့်ဖြစ်တည်မှု မပျောက်ဆုံးပါရစေနဲ့...။ ဒီအတိုင်းလေး မင်းရော ကိုယ်ရော လွတ်လပ် ကြမယ်....။ချစ်လားဆို သိပ်ချစ်တာပေါ့...။