နာကျင်ကြေကွဲခြင်းကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။ ကျွန်တော်ကတော့ ကိုကိုတင်တဲ့ စတေးတပ် တစ်ကြောင်းနဲ့ စာဖွဲ့ပါတယ်....။
လူမသိ သူမသိ နာကျင်ခံစားရခြင်းမှာ ဘယ်သူမှ နားလည်ပေးနိုင်မှာ မဟုတ်မှန်း ကျွန်တော် ဘာကြောင့် မသိနိုင်ခဲ့ရပါလိမ့်....။
ကိုကိုရေ.... အဲ့လိုနာကျင်ခံစား မပြပါနဲ့လားဟင်။ ကျွန်တော် မကြည့်ရက်နိုင်လို့ပါ....။
ကိုကို့နာကျင်မှု အတိုင်းအဆတိုင်းဟာ ကျွန်တော့်ကို နှစ်ဆပူလောင်စေပါတယ်....။
ကျွန်တော်တို့တွေဟာ ဘယ်လောက်များ ရူးသွပ်လိုက်လဲနော်...။
ကိုယ့်နာကျင်မှုတွေကြားကိုယ်တိုင်ပိတ်မိ နေကြတယ်........။
ဘယ်တော့မှ ရုန်းထွက်ဖို့ မစဉ်းစားတဲ့ လူတစ်ယောက်လို....။ ဘယ်တုန်းကမှ ဒီဒဏ်ရာတွေ မရခဲ့ဖူးသလို....။ ထပ်ခါတလဲလဲ ကျိန်စာသင့်ခံနေကြတယ်.....။
စွဲလန်းခြင်းဟာ လူတစ်ယောက်ကို ပူလောင်တဲ့ အတ္တသက်သက်ပဲ ဖြစ်စေတယ်....။
ကျွန်တော်ဟာ မြောက်မြားစွာသော စွဲလန်းခြင်း တွေကြား ပူလောင်နေရပါတယ် Mania!
ခင်ဗျား ငြိမ်းချမ်းဖို့ ကျွန်တော်ဆုတောင်းရင်း ကျွန်တော့်ကိုယ်ကျွန်တော် ငြိမ်းချမ်းခြင်း အစစ်ဆီ ပို့ဆောင်နေရတယ်....။
တကယ်တော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့ လူသားတစ်ယောက်အဖြစ် အချစ်ကို အတ္တကြီးကြီး ဖက်တွယ်နေခဲ့တာပဲ....။