00:00

44 5 0
                                    

မင်းက သိပ်ကံကောင်းတာပဲ Amara ....
သူက မင်းကို သိပ်သစ္စာရှိတယ်လေ...။
မင်းထားတဲ့နေရာကနေ တစ်ဖဝါးမှ မခွာဘဲ မင်းလာမယ့်လမ်းကို မျက်နှာမူရင်း သူစောင့် နေခဲ့တာ။ မင်းကလွဲ မမြင်နိုင်တော့တဲ့အထိ သူမင်းကို ချစ်ရှာတာ။
မင်းသိပ်ကံကောင်းပါတယ်ကွယ်....။
အဲ့လူသားရဲ့ မြတ်နိုးခြင်းကို မင်းရတယ်။
အဲ့လူသားရဲ့ အပြုံးတွေကို မင်းပိုင်တယ်။
ပြီးတော့ အဲ့လူသားရဲ့ နှလုံးသားကို မင်းပိုင်ခဲ့ပြန်တယ်။
အားကျရပါတယ် Amara ....
သူ့နှလုံးခုန်သံတွေဟာ မင်းကို ဦးတည်တယ်။
သူ့ခံစားချက်အလုံးစုံဟာလည်း မင်းကို ရည်
ရွယ်တာပဲ...။ ကိုယ်မပိုင်ဆိုင်နိုင်တဲ့ အရာတွေ အားလုံးရှိတဲ့မင်းကို ကိုယ်သိပ်အားကျရပါတယ်။
ကျေးဇူးတင်ပါတယ် Amara...
မင်းကြောင့် အဲ့လူသားလေး ပြုံးနေတာ မြင်ခွင့်ရလို့...။ မင်းကြောင့် သူ့ရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားခွင့်ရလို့။ ပြီးတော့ မင်းကြောင့်ပဲ ကိုယ်ချစ်ရတဲ့ လူသားဟာ သိပ်ကို သစ္စာမေတ္တာကြီးမားပါလားဆိုတာ သိခွင့်ရခဲ့လို့ ကျေးဇူးပါ။
တောင်းပန်ပါတယ် Amara...
ကျေးဇူးပြုပြီး သူ့ကို မနာကျင်ပါစေနဲ့ကွယ်။
မင်းမခူးချင်တဲ့ ပန်းလေးကို အလှမပျက်အောင် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေမိတဲ့ တစ်စုံတစ်ယောက် ရှိနေတာကို သတိရရင် ထိုလူသားကို အတတ်နိုင်ဆုံး ပြုံးခွင့် ပေးပေးပါ။ မင်းသတ်လို့သေမှာ နှစ်ယောက်ဆိုတာ နားလည်ပေးနိုင်ရင် ကျေးဇူးပြုပြီး သူ့ကို ပျော်ရွှင်ခြင်းတွေပဲ ယူဆောင်ပေးပါ။
ကိုယ်ကလား... ကိုယ်လုပ်နိုင်တာ တစ်ခုပဲ ရှိပါတယ်... မင်းကြောင့် ပျော်နေတဲ့ သူ့မျက်နှာလေး ဘယ်တော့မှ ငြှိုးငယ် မသွားဖို့ ဆုတောင်းတာပါပဲ....။ ကိုယ်ပေးနိုင်တာလည်း အရှုံး တစ်ခုတည်းရှိပါတယ်။ သူပျော်နိုင်ပါစေကွယ်...။

00:00 နာရီ တမ်းချင်းWhere stories live. Discover now