ကျွန်တော့်ကိုချစ်ပါ။
ကျွန်တော်ဟာ ကိုကို့ရင်ခွင်ကလွဲ တိုးဝှေ့ဖို့ စိတ်ထဲမရှိတဲ့ ကြောင်လေးတစ်ကောင်ပါ။
ကျွန်တော်ဟာ ကိုကို့ပင်ပန်းမှုတွေကို ဖျောက်ဖျက်ပေးနိုင်ပြီး ကိုကို့ကို ပျော်အောင်လုပ်ပေးမယ့် ကြောင်လေးတစ်ကောင်ပါ။ ကိုကို့အရင် ကြောင်တွေလို လိုမှကပ်မှာ မဟုတ်ဘဲ အချိန်တိုင်း ကိုကို့ ရင်ခွင်နွေးနွေးကလွဲ ကျန်တာတိုးဝှေ့ချွဲဖို့ စိတ်ကူးတောင်မရှိတဲ့ ကြောင်မလေး တစ်ကောင်ပါ။ ကျွန်တော့်အတွက် ဈေးကြီးတဲ့ စားစရာတွေမလို..ကိုကို့အပြုံး တစ်ခုသာ လိုပါတယ်။ တစ်ခါတစ်လေ ကပ်ချွဲ တစ်ခါတစ်လေ ငြိမ်ကုပ်ပြီး တစ်ခါတစ်လေ ဂျီကျတတ်ပေမယ့် ကျွန်တော်ဟာ ကိုကို ချစ်ကို ချစ်စေမယ့် ကြောင်မလေး တစ်ကောင်ပါ။ ကိုကိုသာ မမြင်ချင်တော့ဘူး တစ်ခွန်းပြော... ကျွန့်တော့် ဖြစ်တည်မှုဆိုတာ ကမ္ဘာပေါ်မှာ မရှိစေရတော့မယ့် အထိ ကိုကို့စကားပဲ နားထောင်မယ့် ကြောင်လေး တစ်ကောင်ရယ်ပါ။ ဒါကြောင့် ကျွန်တော့်ကို ချစ်ပါ။
