00:00

39 3 0
                                    

တစ်ချို့ ချစ်ခြင်းမေတ္တာတွေဟာ သိပ် ကြီးကျယ် ခမ်းနားတယ်.... ကြောင်ဖြူလေးရဲ့ ။
မတူညီတဲ့ ကမ္ဘာနှစ်ဖက်.... ဘဝအဆက်ဆက် ခြားနားခြင်းတွေကနေ အနိုင်ရလာတဲ့ ချစ်ခြင်းမေတ္တာမျိုးတွေပေါ့ကွယ်..။ စောင့်ရတဲ့ အချိန်ဟာ အရမ်းကို ကြာလွန်းတယ်တဲ့ .......။
ကျွန်တော်ကတော့ဖြင့် ခင်ဗျားနဲ့ နီးစပ်ရဖို့ အချိန်တော်တော်ကြာ စောင့်ဆိုင်းပြီး နေကြည့်ချင်သေးတယ်.....။
ကျွန်တော့်အချစ်နဲ့ ကျွန်တော် ခမ်းနား ကြည့်ချင်တာမျိုးပေါ့......။
အနှစ်နှစ် အလလ စောင့်ဆိုင်းပြီးနောက် ကျွန်တော်တို့နှစ်ယောက်ဟာ တူညီတဲ့ နှလုံးသား တစ်စုံကို ပိုင်ဆိုင်ရင်လည်း ပိုင်ဆိုင်နိုင်မှာပေါ့....။ အဲ့ဒီအချိန်ဟာ ခင်ဗျား သားလေး ခြောက်လသားလောက် ဖြစ်ရင်လည်း ဖြစ်မယ်။
ကျွန်တော် လက်ထပ်ခါနီး အချိန်လည်း ဖြစ်ရင်ဖြစ်မယ်.....။
ကျွန်တော့် နောက်ဆုံးအချိန်တွေကျမှလည်း ဖြစ်ရင် ဖြစ်မယ်......။
ကျွန်တော်စောင့်နေချင်သေးတယ်....။

00:00 နာရီ တမ်းချင်းWhere stories live. Discover now