မင္းသာ ပန္းေလးတစ္ပြင့္ဆို
ငါက ေလျပည္ေလး...
အမွတ္မထင္ေတြ႕မိတဲ႕မင္းအနား
ငါရစ္သီရစ္သီလုပ္လည္း
မင္းက ေတာ့သိမွာမဟုတ္ပါဘူး
ငါက invisible ေလ...
မင္းၾကည္ႏူးဖို႕
ငါျဖည္းျဖည္းေလးမင္းအနားေျပးလႊားမယ္
ဒါေပမယ့္ မင္းနာက်င္ေၾကြက်မွာေတာ့
ေသမေလာက္ေၾကာက္မိရဲ႕
မင္းနားဝဲတဲ႕လိပ္ျပာေတြကိုလည္း
ငါေျခာက္လွန္႕ေမာင္းထုတ္ပစ္ခ်င္တယ္
ေျပာစမ္းပါ ပန္းကေလး
ငါအခြင့္ရွိရဲ႕လား
ငါ့ဘဝဟာ
မင္းကိုဒီတိုင္းေလးၾကည့္ေနရရံုနဲ႕
ပီတိျဖာေက်နပ္ေနရသူပါ...
haha ရယ္စရာေတာ့ေကာင္းသား...
မင္းရဲ႕သင္းရနံ႕ေလးကို
ငါအရပ္ေလးမ်က္ႏွာျဖန္႕က်က္ေပးျပီး
ငါ့မွတ္ဥာဏ္အလႊာအထပ္ထပ္ကိုပို႕ျပီး
သိမ္းထားမယ္
ငါတစ္ေန႕က် ျပန္မွတ္မိပါေစ ဆုေတာင္းရင္း...#180213
229words
=============
မင်းသာ ပန်းလေးတစ်ပွင့်ဆို
ငါက လေပြည်လေး...
အမှတ်မထင်တွေ့မိတဲ့မင်းအနား
ငါရစ်သီရစ်သီလုပ်လည်း
မင်းက တော့သိမှာမဟုတ်ပါဘူး
ငါက invisible လေ...
မင်းကြည်နူးဖို့
ငါဖြည်းဖြည်းလေးမင်းအနားပြေးလွှားမယ်
ဒါပေမယ့် မင်းနာကျင်ကြွေကျမှာတော့
သေမလောက်ကြောက်မိရဲ့
မင်းနားဝဲတဲ့လိပ်ပြာတွေကိုလည်း
ငါခြောက်လှန့်မောင်းထုတ်ပစ်ချင်တယ်
ပြောစမ်းပါ ပန်းကလေး
ငါအခွင့်ရှိရဲ့လား
ငါ့ဘဝဟာ
မင်းကိုဒီတိုင်းလေးကြည့်နေရရုံနဲ့
ပီတိဖြာကျေနပ်နေရသူပါ...
haha ရယ်စရာတော့ကောင်းသား...
မင်းရဲ့သင်းရနံ့လေးကို
ငါအရပ်လေးမျက်နှာဖြန့်ကျက်ပေးပြီး
ငါ့မှတ်ဉာဏ်အလွှာအထပ်ထပ်ကိုပို့ပြီး
သိမ်းထားမယ်
ငါတစ်နေ့ကျ ပြန်မှတ်မိပါစေ ဆုတောင်းရင်း...#180213
229words
YOU ARE READING
With you <3 [COMPLETED]
General FictionYuri ~ Girl×Girl ~ Myan fic မိုးမခ × ယြန္းတိမ္လႊာ တကယ္လို႕မ်ား ... မင္းရဲ႕University life တုန္းက crush ကို ေနာက္ ၅ ႏွစ္အၾကာမွာျပန္ေတြ႕ခဲ႕ရင္ ... ဘယ္လိုေတြျဖစ္လာနိုင္လဲ ? ပိုင္ဆိုင္လိုစိတ္ မရွိတာခဲ႕တာက ... မင္းရဲ႕တကယ့္ဆႏၵလား? ဒါမွမဟုတ္ အခြင့္အေရးမရခ...