Chapter - 12 (Ending) (Unicode)

7K 258 7
                                    

ခ ကသာ laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတာ ... အလုပ်ရှင်ဖြစ်တဲ့ ယွန်း ကတော့ အလုပ်မလုပ်ဘဲ ခ ကိုပဲ အရှေ့တည့်တည့်ကနေ လက်ထောက်ကာ လာ ထိုင်ကြည့်နေလေသည်။ ဧကရီ နဲ့ တွေ့ပြီး ပြန်လာကတည်းက ဆိုပါတော့ ...

"ယွန်း"

"အင်ဟင်?"

"အဲ့လိုကြီး တစ်ချိန်လုံးကြည့်မနေနဲ့လေ ... အနေခက်တယ် ... အလုပ်လုပ်တာတွေ မှားကုန်တော့မှာပဲ"

"ခ ဘာသာလုပ်လေ ... ကိုယ့်ဘာသာ ကိုယ်ကြည့်တာကို"

"အာ ...အမြင်ကပ်စရာကြီး"

ခ ကမျက်နှာလေး မချိုမချဉ် ရှုံ့ကာဖြေတော့ ယွန်းက ကလေးလေးတစ်ယောက်ချစ်စရာအမူအရာလေးလုပ်ပြတာကို သဘောကျသည့်ပုံစံဖြင့် ခပ်ဟဟလေး ပြုံးလိုက်သည်။

ထို့နောက်ယွန်းက တစ်ခုခုကို စဉ်းစားနေဟန် ခပ်တွေတွေ ဖြစ်သွားလေသည်။

အဲ့တော့မှ ခ လည်း စိတ်ပူမိသွားပြီး စားပွဲပေါ်က အလုပ်လုပ်လက်စ laptop ကို ထားကာ ခ ရဲ့ စားပွဲရှေ့ တစ်ဖက်ခြမ်းတွင် လာထိုင်နေတဲ့ ယွန်းဆီသို့ ထသွားလိုက်သည်။

"ယွန်း ... တစ်ခုခုဖြစ်နေတာလား?"

အရှေ့တွင် လာရပ်သော ခ ကို ထိုင်နေသော ယွန်းက ခါးလေးလက်လျှို ကာ ဖက်လိုက်လေသည်။

"မဖြစ်ပါဘူး ခ ရယ်"

"အဲ့ဒါဆို ပြောစရာတစ်ခုခုရှိလို့လားဟင်?"

"အင်း"

ခ နည်းနည်း စိုးရိမ်မိသွားတာတော့အမှန်ပင် ~

"ဘာပြောမို့လဲ ယွန်း ရဲ့?"

"ပါပါးက ကိုယ့်ကို အသူရာနဲ့ စေ့စပ်ဖို့ကို အတင်းတိုက်တွန်းနေတယ် ခ "

ခ ရဲ့ ရင်ထဲတွင် ပူထူတင်းကျပ်မိသွားသော်လည်း စိတ်ကို အမြန်ပြန်ထိန်းကာ ယွန်း ဆက်ပြောမယ့် စကားကို သာ ခွန်းတုံ့မပြန်ဘဲ နားထောင်နေမိသည်။

"ကိုယ် ကိုသူ့ ကို တွေ့ပြီး ဆွေးနွေးခဲ့ပေမယ့် သူဒီကိစ္စကို မဆုံးဖြတ်ရသေးဘူးလို့ ကိုယ်ထင်တယ် ... ကိုယ့်ပါပါးကိုလည်း သူဘာမှ အကြောင်းမကြားဘူးလေ ... သူကိုယ်နဲ့ တွေ့ဖို့ထပ်ချိန်းထားတယ် ...ပြီးတော့ ကိုယ့်ချစ်သူကို သူနဲ့မိတ်ဆက်ပေးဖို့လည်း ကတိပေးထားသေးတယ် ... ခ ... ကိုအသူရာ ကို တူတူလိုက်တွေ့မယ် မလားဟင်?"

With you <3 [COMPLETED]Where stories live. Discover now