The one who is falling in love;
is the one who loses
in this tug of heart war××××××××××××××××××××××
"ယွန်း … ကိုယ်ဒီမှာ"
ကော်ဖီဆိုင်ရဲ့ ထောင့်ကျကျနေရာတွင် ထိုင်နေပြီး ပြုံးကာ လက်ပြနေသော သူမှာ အသူရာပင် ဖြစ်သည်။ ဆံပင်ကို သေသပ်စွာ ဖီးသင်ထားပြီး အနက်ရောက် ရှပ်အကျီ ၤကို လက်တစ်ဝက်ခေါက်တင်ကာ အကျီ ၤ ကြယ်သီးကို တစ်လုံးစ နှစ်လုံးစ ဖြုတ်ထားပုံမှာ လူငယ်ဆန်ပြီး စမတ်ကျနေသည်။
"စောင့်နေတာကြာပြီလား ကိုသူ?"
ယွန်း က နှုတ်ဆက်စကားပြောရင်း အသူရာ ရဲ့ ရှေ့တွင် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။
"မကြာသေးပါဘူး … ဖွင့်ထားတဲ့ သီချင်းတွေ နားထောင်ပြီး နံရံက ဓာတ်ပုံတွေလိုက်ကြည့်နေတာနဲ့ အချိန်ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး ဟက်ဟက်"
"ဟုတ်ပါပြီ"
အနားနားလာရပ်တဲ့ စားပွဲထိုးလေးကို ယွန်း ကော်ဖီတစ်ခွက်မှာတော့ အသူရာကလည်း တစ်ခွက်လိုက်မှာလိုက်သည်။
"အလုပ်တွေအဆင်ပြေလား ကိုသူ?"
"အင်း အလုပ်တွေကတော့ ပြေပါတယ် … မပြေတာက ကိုယ်"
"ဟင် … ကိုသူက ဘာဖြစ်လို့လဲ?"
"တစ်ယောက်ယောက်ကို လွမ်းနေခဲ့ရလို့ပေါ့ကွာ"
ပြောရင်း အသူရာ က ယွန်းကို ရီဝေဝေ စိုက်ကြည့်သည်။ ဒီနေရာမှာ တခြားမိန်းကလေး တစ်ယောက်သာဆို ချက်ချင်းပျော်ဆင်းသွားမှာ သေချာသည်။ ယွန်း အတွက်ကတော့ လေပြည်လေးတစ်ချက်တိုက်သလိုတောင် မတုန်လှုပ်ပေ…
"ဟဟ … ဟုတ်လား … အဲ့ တစ်ယောက်အကြောင်းကို နောက်မှ ပြောကြတာပေါ့ … အခုတော့ အလုပ်ကိစ္စ ပြောကြမယ်လေ … ဒါနဲ့ ကိုသူ က နိုင်ငံခြားရောက်နေပြီး ယွန်း ရဲ့ project အကြောင်းဘယ်လိုသိတာလဲ?"
"ဒီလိုပဲပေါ့ ဟင်းဟင်း"
ှဗိုလ်အောင်ဒင် ဒီဇိုင်းနဲ့ ပြန်ဖြေတဲ့ အသူရာ ကြောင့် ယွန်း ရယ်မိလိုက်ပါသေးသည်။ ထို့နောက် အသူရာအား project အကြောင်းအသေးစိတ် ရှင်းပြနေလိုက်သည်။ အသူရာကတော့ ခေါင်းလေးတညိမ့်ညိမ့်ဖြင့် ယွန်းပြောတာကို ဂရုတစိုက် နားထောင်နေလေသည်။
YOU ARE READING
With you <3 [COMPLETED]
General FictionYuri ~ Girl×Girl ~ Myan fic မိုးမခ × ယွန်းတိမ်လွှာ တကယ်လို့များ ... မင်းရဲ့University life တုန်းက crush ကို နောက် ၅ နှစ်အကြာမှာပြန်တွေ့ခဲ့ရင် ... ဘယ်လိုတွေဖြစ်လာနိုင်လဲ ? ပိုင်ဆိုင်လိုစိတ် မရှိတာခဲ့တာက ... မင်းရဲ့တကယ့်ဆန္ဒလား? ဒါမှမဟုတ် အခွင့်အရေးမရခ...