Chapter -9A (Unicode)

3.6K 221 3
                                    

Take my hands,
You will be OK in my arms

×××××××××

မိုးမခ တစ်ယောက် ယွန်းကျောခိုင်းထွက်ခွာ သွားသည့် အချိန်မှစ၍ တစ်နာရီကြာမျှ ထိုကြမ်းပြင်ပေါ် ပုံလျက် အနေအထားနှင့်ပင် မလှုပ်မယှက် ထိုင်ငိုနေမိသည်။

သူပြန်လာမလား ဆိုတဲ့ မျှော်လင့်ချက် နဲ့ တံခါးဝကို အကြိမ်ကြိမ်အခါခါကြည့်ကာ မျှော်နေမိပေမယ့် ပေါ်မလာခဲ့ပါ ... ညနေ ရုံးဆင်းချိန် အထိပေါ့ ...

ငါ့ကို တကယ် ထားသွားရက် တာပဲ ... :)

Ferry ကို စီးလာတဲ့ တစ်လျှောက်လုံးလည်း သူများတွေက ဆူညံစွာ စကားတွေ ပြောနေကြပေမယ့် မိုးမခ earphone နှစ်ဖက်တပ်ကာ သီချင်းပဲ နားထောင်နေမိသည်။

အိမ်ပြန်ရောက်တော့ မေမေ မရိပ်မိအောင် အတတ်နိုင်ဆုံး စိတ်ကိုတင်းကာ ထမင်းစားသွက်သွက်စားပြီး အခန်းထဲ အောင်းနေမိသည်။

ခုချိန် ဘယ်နေရာမှာ... ဘယ်သူတွေနဲ့အတူရှိပြီး... ဘာတွေများ လုပ်နေလဲ ယွန်းရယ် ...

တစ်နေကုန် ငိုထားသည့်အရှိန်ကြောင့် မျက်လုံးများက သိသိသာသာပင်ပန်းနေလေသည်။ ထို့ကြောင့် မျက်လုံးမှိတ်ကာ ခုတင်ပေါ်လှဲလိုက်သည်ဆိုလျှင်ပဲ ချက်ချင်းအိပ်ပျော်သွားပုံရသည်။

*Ring Ring Ring*

တိုးလာလိုက် ကျယ်သွားလိုက် နဲ့ တကယ်လား အိပ်မက်မက်နေတာလား မသိ ... အသံတစ်ခု ကြား၍ နားစိုက်ထောင်မိတော့ ကိုယ့်ဖုန်းသံဖြစ်နေသည်။

ချက်ချင်းပဲ ကိုယ့်ဘေးနားက ဖုန်းကို မျက်လုံးမှိတ်ထားလျက်ပင် လိုက်စမ်းနေမိသည်။ ဖုန်းလက်ထဲရောက်လာတော့ caller name ကို ကြည့်မိလိုက်ရာ ယွန်း ဆီမှ ဖြစ်နေသည်။

ကိုင်ရင် ကောင်းမလား ... မကိုင်ရင် ကောင်းမလား စဉ်းစားနေတုန်းပင် ဖုန်းကျသွားလေသည်။

အချိန်ကို ကြည့်တော့ ည ၉ နာရီပင် ခွဲတော့မည်။ ရုတ်တရက် စိတ်ထဲရောက်လာက ယွန်း တစ်ခုခုများ ဖြစ်လို့လား ဆိုတဲ့အတွေး ...

စိတ်ထဲ သိမ့်ခနဲ ဖြစ်ကာ ထူပူသွားသည်နှင့် ယွန်းဆီ ဖုန်းပြန်ဆက်လိုက်သည်။

With you <3 [COMPLETED]Where stories live. Discover now