Without this kind and care
I'm not sure I can live with it
With this worry and grief
I want you to be mine forever××××××××××××××××××××××
"Hello"
"Hello ဟုတ်ကဲ့ ... အမိန့်ရှိပါ"
"အင်း ... အမိန့်ရှိတယ် ... မိုး ... ယွန်းခုဖျားနေတယ် ... နင် သွားပေးလို့ရမလား?"
ရုံးခန်းထဲရောက်ခါစ ပစ္စည်းတွေ နေရာချနေတုန်း ကြိုဖုန်းကမြည်လာ၍ ကိုင်လိုက်ရာ ရုတ်တရက် ဘယ်သူရယ် ဘယ်ဝါ ရယ် မပြောဘဲ အဆက်အစပ် မရှိ ပြောလာတဲ့ စကားတွေကြောင့် မိုးမခ ကြောင်သွားသည်။ သူပြောတဲ့ အထဲမှာ ယွန်း ဖျားနေတယ် တဲ့ ... ဟင် ... ယွန်းဖျားနေတယ်? ... ဒါဆို ခုပြောနေတာ ...
"ဧကရီ လားဟင်?"
"အင်း ဟုတ်တယ် ... sorry ငါလောသွားတယ်"
"ယွန်း ဖျားနေတယ်ဆိုတာ ဘာဖြစ်တာလဲ?"
"အေးဟယ် ... ငါ့ကို မနက်က ဖုန်းဆက်တယ် ...' ငါဖျားနေတယ် အလုပ်မသွားနိုင်တော့ဘူးထင်တယ်' ဆိုပြီးတော့ ... အသံကလည်း အားကိုမရှိဘူး ... ငါတောင်မနည်းနားထောင်ရတယ် ... ငါသွားပေးမို့ကို ဒီနေ့မှ လုံးဝဖျက်မရတဲ့ ကိစ္စတစ်ခု ရှိလို့ ယွန်းကိုစိတ်ပူတာနဲ့ ငါစိတ်တွေ ယောက်ယက်ခတ်နေတာ ... နောက်မှ နင့်ကိုသတိရသွားလို့ ... ယွန်း က ဖျားရင် တစ်နေ့လုံးဖျားတာ ... အဖျားတက်လိုက်ကျလိုက်နဲ့ ... အနားမှာပြုစုပေးတဲ့သူရှိမှကောင်းမှာ ... နင် ကူညီနိုင်တယ်မလားဟင်?"
"အွန်း ... ကူညီနိုင်ပါတယ် ... ဒီနေ့အလုပ်လည်းပါးပါတယ် ... မဟေမာန်ဆီ အလုပ်တွေ ခဏလွှဲပေးခဲ့မယ် ... ဒါပေမယ့် သူ့အိမ်လိပ်စာ မသိဘူး"
"အေးပါ ကျေးဇူးတင်ပါတယ် ... ငါ အိမ်လိပ်စာ message ပို့လိုက်မယ်... နင့်ဖုန်းနံပါတ်ပြော"
"09....................."
"Ok ... နင် က ငါတို့နဲ့သက်တူရွယ်တူ ဆိုတော့ ပိုအကူအညီတောင်းလို့ကောင်းလို့ပါ ... နင့် ကို ကိုယ်ရေးကိုယ်တာတွေပါ ခိုင်းမိသလိုဖြစ်သွားရင် sorry ပါဟာ"
"ရပါတယ် ... ငါနားလည်ပါတယ်"
"ဒါနဲ့လေ... မိုး... ယွန်းရဲ့ အလုပ်စားပွဲ အံဆွဲထဲမှာ သူ့အိမ်သော့ရှိတယ် ...အိမ်အရုပ်သော့ချိတ်လေးနဲ့... ရှာပြီးယူသွားလိုက်နော် ... သူ တံခါးလာမဖွင့်နိုင်ရင် ကိုယ့်ဘာသာဝင်လို့ရအောင်"
YOU ARE READING
With you <3 [COMPLETED]
General FictionYuri ~ Girl×Girl ~ Myan fic မိုးမခ × ယွန်းတိမ်လွှာ တကယ်လို့များ ... မင်းရဲ့University life တုန်းက crush ကို နောက် ၅ နှစ်အကြာမှာပြန်တွေ့ခဲ့ရင် ... ဘယ်လိုတွေဖြစ်လာနိုင်လဲ ? ပိုင်ဆိုင်လိုစိတ် မရှိတာခဲ့တာက ... မင်းရဲ့တကယ့်ဆန္ဒလား? ဒါမှမဟုတ် အခွင့်အရေးမရခ...