Chapter - 5 (Unicode)

3.7K 254 4
                                    

Guiding Star …
Lead me the one who is so weak to follow her own heart
     
×××××××××××××××××××××

မိုးမခ ခုတလော အလုပ်တွေအရမ်းရှုပ်နေသည်။ ယွန်း က Fashion Show Project တစ်ခုဆွဲထား၍ ယွန်း တစ်ယောက်လည်း ဟိုလူနဲ့ ပြေးတွေ့ရ ဒီလူနဲ့ ပြေးတွေ့ရ meeting တွေ ထိုင်ရနှင့် အလုပ်ရှုပ်နေသည်။ ယွန်းရဲ့ secretary ဖြစ်တဲ့ မိုးမခလည်း ယွန်းရဲ့ ရှုပ်ယှက်ခက်နေသော schedule တွေကို အမှားမလုပ်မိအောင် စီစဉ်ပေးနေရ document တွေ ပြင်ဆင်ပေးရဖြင့် busy woman ကြီးကို ဖြစ်လို့ …

'မိုးမခ သည် ထူးချွန်ထက်မြက် တတ်မြောက်လွယ်သည်' ဟူသော ဂုဏ်ပုဒ်ကို တပ်ပေးကာ Senior မမ ဒေါ်ဟေမာန်မှာလည်း အလုပ်ကို မလာတဲ့ရက်က ခပ်များများရယ် … အေးလေ သူလည်းသူ့ကိစ္စတွေနဲ့သူ ရှုပ်နေမှာပေါ့ … ခုဆို မိုးမခမှာ ယွန်းရဲ့ secretary ရာထူးကို အပြည့်အဝ တာဝန်ယူနေရပြီဖြစ်သည်။

အလုပ်ရှုပ်တာလည်း ခပ်ကောင်းကောင်းရယ် … ယွန်းနဲ့ မျက်နှာချင်းသိပ်မဆိုင်ရသဖြင့် ဟိုတစ်နေ့က အဖြစ်အပျက်အတွက် မျက်နှာသိပ်ပူစရာ မလိုတော့ … ဒါပေမယ့်လည်း မျက်နှာချင်းဆိုင်မိတဲ့အခါတိုင်းလည်း ယွန်းမျက်နှာကို စေ့စေ့မကြည့်ရဲ … အလုပ်ရှုပ်ရသည့်အထဲ စိတ်ပါမရှုပ် ရအောင် မနည်းကြိုးစားနေရသည်။

"ယွန်း ဒီမှာရှိလား မသိဘူး?"

မိုးမခ သူ့စားပွဲ၌ အလုပ်လုပ်နေစဉ် မိန်းကလေးအသံ တစ်သံကြောင့် တံခါးဝသို့ကြည့်လိုက်သည်။

" ယွန်းအခု ဒီမှာမရှိပါဘူးရှင့် … လုပ်ငန်းရှင် တစ်ယောက်နဲ့ သွားတွေ့ပါတယ်"

"ဟာ အဲ့သူဋ္ဌေးမကြီးကလည်း အလုပ်တွေနဲ့ပဲ relationship ထားတော့မယ်ထင်တယ်"

စကားတပြောပြောနဲ့ အခန်းထဲ ဝင်လာထို ခပ်သွက်သွက် ချစ်စရာ ကောင်းသော ကောင်မလေး၏ စကားကို မိုးမခ သဘောကျ၍ ပြုံးမိပါသည်။ ဒီလိုပြောဆိုပုံနဲ့ဆို ထိုကောင်မလေးမှာ ယွန်း နှင့်တော်တော်ရင်းနှီးပုံရသည်။ သူငယ်ချင်းနေမှာ … ဒါနဲ့ သူ့ကိုမြင်ဖူးသလိုလိုပဲ ???

" ဟယ် … you က မိုးမခ မလားဟင်?"

"ရှင် ~ ဟုတ် … ကျွန်မကိုသိလို့လား?"

With you <3 [COMPLETED]Donde viven las historias. Descúbrelo ahora