Chapter - 1 (Unicode)

7K 332 1
                                    

"မိုးမခ" ~ ကောင်းကင်ပေါ်ကရွာချတဲ့မိုးကတော့ သူ့ကိုယ်ပေါ်မခပါဘူး ... ဒုက္ခမိုးတွေကတော့ သိပ်ခလွန်းတယ်
အဖေ ပေးထားခဲ့တဲ့ သူ့နာမည်က ဒုက္ခတွေ သိပ်ခလွန်းတဲ့ သူ့အတွက်တော့လှောင်နေသယောင်...

အဖေဆုံးပြီးကတည်းက အမေရဲ့ ဝန်ထမ်းလစာ မစို့မပို့လေးကို ၅ နှစ်ကွာတဲ့ မောင်လေးနဲ့အတူ မိသားစုသုံးယောက် မလောက်မင ခြွေတာသုံးနေခဲ့ရသဖြင့် တက္ကသိုလ်ကိုပင် စိတ်ဖြောင့်ဖြောင့် မတက်နိုင်ခဲ့။

ကျောင်းပြီးကတည်းက သင်တန်းတွေကြိုးစားတက်ရင်းတစ်ဖက်ကတည်း ရရာအလုပ်ဝင်လုပ်ခဲ့ရသည်။ ဘဝနာသူမို့သူမ 'မိုးမခ' ကြိုးစားသည်။ ၅ နှစ်တာလုပ်သက်ဖြင့် လုပ်ငန်းရည် တော်တော်ဝ လာသောအခါ အလုပ်ပြောင်းဖို့စဉ်းစားမိသည်။

ဒီနေ့က သူမအတွက် အရေးကြီးသောနေ့တစ်နေ့ ...
Interview ... ဟုတ်တယ် နာမည်ကြီး Fashion Design Company တစ်ခုမှာ secretary ရာထူးလျှောက်ရန် interview သွားဖြေရမည်...

ဟူး ... ကံကောင်းပါစေ ဟုသာ ကိုယ့်ဘာသာ ဆုတောင်းပေးမိသည်...

××××××××××××××××××××××
"Wow ... company ကအလန်းပဲ"
ကြောက်စိတ်များက ပိုတိုးလာခဲ့သည်။
သိမ်ငယ်စိတ်များအလိုလိုဝင်လာသော်လည်းခပ်မြန်မြန်ပင် ကိုယ့်စိတ်ကို ကိုယ်ပြန်တင်းလိုက်ရသည်။
'ဖိုက်တင်း မိုးမခ ရေ' ဟုသာစိတ်ထဲမှ ကိုယ့်ကိုယ်ကို အားပေးနေမိသည်။

"Wow" interview ဝင်ရန်အခန်းရှေ့တွင်စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေကြသော ကိုယ့်ရွယ်တူမိန်းကလေးချောချောလေးများကိုတွေ့သောအခါ ထပ် wow ရပြန်သည်။ အခုချိန်မှာတော့ သူတို့နှင့်ကိုယ်က ပြိုင်ဘက်တွေပဲလေ... position တစ်ခုအတွက် ဒီနေ့ ဒီအချိန် ဒီနေရာ မှာရောက်နေကြသူများကလည်း မခေချေ ။ ကြောက်စိတ်များက ဝင်နှောင့်နေပြန်ချေပြီ။

''နောက် ၁၀ မိနစ်မှာ interview စပါမယ်နော်
အသင့်ပြင်ထားပေးကြပါ ^_^"
caller မိန်းကလေးမှ အခန်းတံခါးလေးဟကာ အသိပေးပြီး အခန်းတွင်းသို့ ပြန်ဝင်သွားသည်။

Interview ခန်းထဲသို့ ရှေ့က ဝင်သွားသူများတစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်ရင်း အချိန်တွေတစ်ဖြည်းဖြည်းကုန်ဆုံးလာသည်။

With you <3 [COMPLETED]Where stories live. Discover now