Chapter - 8 (Unicode)

3.5K 232 9
                                    

How much we are near…

We feel distant in our hearts…

×××××××××

မိုးမခ ... နောင်တတွေ အကြိမ်ကြိမ် ရမိပါသည်။ ဖြစ်နိုင်ရင် အချိန်တွေ နောက်ပြန်လှည့်လိုက်ချင်တယ်...အချိန်တွေ နောက်ပြန်လှည့်ပြီး လှေကားဘေးမှာတုန်းက ယွန်းကို မနမ်းခဲ့လျှင် ကောင်းသားဟု တွေးမိတိုင်း ရင်ဘတ်ထဲမှ တစ်ခါနာကျင်ရပြန်သည်။

အကြောင်းမှာ ... ယွန်းက Fashion Show ပွဲပြီးသည့်အချိန်မှ စ၍ မိုးမခ ကို ခပ်တန်းတန်းပင် ဆက်ဆံလေသည်။

တောင်းပန်ဖို့ စကားစပြန်တော့လည်း" အဲ့အကြောင်းမေ့လိုက်ပါ ... ကိုယ်စိတ်မဆိုးပါဘူး" ဟုသာ ပိတ်ပြောတတ်ကာ စကားကို အစမခံပေ။ အပြုံးတွေကလည်း ပျောက်ကွယ်ကာ ဒီ သုံးရက်လုံး မြတ်နိုးလှစွာသော gummy smile လေးကို လုံးဝမြင်တွေ့ခွင့်မရခဲ့ ... ဒီသုံးရက်က ကိုယ့်အတွက်တော့ သုံးကမ္ဘာ တွေ ဝေးသွားသလို ခံစားရစေသည်။

အဲ့ဒီအစား စိတ်ဆိုးရိုက်နှက်ကာ စကားလုံးနာနာများဖြင့် အပြောခံရသည်က ပိုကောင်းသည်ဟုပင် တွေးမိပါသည်။

စိတ်မဆိုးဘူးဟု ပါးစပ်ကသာ ပြောတာ ... တကယ်ဆို စိတ်မဆိုးလျှင် ဒီလိုတွေ လုပ်နေစရာ အကြောင်းကို မရှိပေ။ ကိုယ်တို့နှစ်ယောက်အခြေအနေမှာ အနီးစပ်ဆုံး ဖြစ်ခဲ့ပြီးမှ ဟိုးအဝေးသို့ လွှင့်စင်ဝေးကွာခဲ့ရလေသည်။

အရဲစွန့်ကာ နမ်းခဲ့မိသော နှုတ်ခမ်းလေးရဲ့ နူးညံလွန်းတဲ့ အထိအတွေ့ကို သတိရမိတိုင်း နာကျင်မှုများကြားထဲကပင် ကြည်နူူးမှုလေးဖြစ်ရသေးသည်။ သူကတော့ တကယ်ကို ဘာမှမဖြစ်ခဲ့သလိုပါပဲ ...

ဒီလိုသာ တုံ့ပြန်မယ် ဆိုရင် ဘာလို့ အစကတည်းကနင့်ကို ချစ်မိအောင်လုပ်ရတာလဲဟာ ...

အထိအတွေ့တွေ ... အကြည့်တွေ ... အနမ်းတွေ ... အပြောတွေ နဲ့ ပြုစားခဲ့ပြီးမှ ... ခုမှ ဘာမှမဟုတ်ခဲ့သလိုတွေ ပြုမူနေတာတွေက မတရားလိုက်တာ ယွန်းရာ ...

ငါ့ဘက်က မသေချာခဲ့တဲ့ ခံစားချက်တွေကို သေချာရှင်းရှင်းလင်းလင်း သိလိုက်ရချိန်မှာ နင်က အရာအားလုံးကိုပစ်ချသွားသလိုခံစားရတယ် ... ဘာကို ရှောင်ပြေးချင်နေတာလဲ ယွန်း?

With you <3 [COMPLETED]Where stories live. Discover now