Chapter - 3 (Unicode)

3.8K 260 2
                                    

How can a love be born without knowing who you are or where are you from?
Is it a destiny when it happened to know about you with no act of mine?

××××××××××××××××××××××××

မိုးသည်းထဲ၌ ရင်ခုန်သံ ပေါက်ဖွားခဲ့သည့်နေ့မှ စ၍ ယွန်း အဲ့ခုံတန်းလေးမှာအမြဲထိုင်ဖြစ်သည်။
နောက်ကျမြဲ ဖြစ်တဲ့ သူငယ်ချင်း ဧကရီ ကိုစောင့်ရင်း ခုံတန်းရှေ့မှ ဖြတ်ဖြတ်သွားသူ ထို ထီးမဲ့ဂြိုလ်သားမလေး ကိုစောင့်ကာငေးကြည့်ရသည်မှာ တာဝန် တစ်ရပ်လိုပင်ဖြစ်လာသည်။

သူမ သည် မစောလွန်း နောက်မကျလွန်း ကျောင်းလာတတ်သည့်အတွက် မိမိကပင် စောနိုင်သလောက်စောအောင်သွားကာ ရိုးရာအပျက်မခံ သူ့မျက်နှာလေးမျှော်ရသည်။ ဖူးရသည်။
အခုတော့လည်း အမြဲနောက်ကျတတ်တဲ့ ဧကရီ ကို အပြစ်မမြင် ကျေးဇူးတင်လျက် ...

တစ်နေ့... အဲ့တစ်နေ့ဟာလည်းအမှတ်တရ များစွာထဲက တစ်ခုဖြစ်ခဲ့လေသည်။

ခါတိုင်း သူငယ်ချင်းများနင့် စကားဖောင်ဖွဲ့ကာလာခဲ့သော ထိုဂြိုလ်သားမလေးသည် ဒီနေ့တော့ တစ်ယောက်တည်းဖြစ်လေသည်။ ဘေးပတ်ဝန်းကျင် ကို ဟိုကြည့်ဒီကြည့်လျှောက်လာရင်း ယွန်းနဲ့ မျက်လုံးချင်းဆုံမိသွားလေသည်။

*tumb tumb*

ယွန်း စိတ်ထဲ ရင်တုန်တာရော ရင်ခုန်တာရော ရှက်တာရော ကြောက်တာရော ခံစားချက်ပေါင်းများစွာ တို့နှင့် မျောက်နေရာမရ မီးပုံပေါ်တက်ထိုင်မိသလိုဖြစ်နေသည်။ ထိုဂြိုလ်သားမလေး နောက်ထပ် ထပ်လုပ်လိုက်သောအပြုအမူကြောင့် အတိုင်းအဆမရှိ ခုန်နေသော ယွန်းရဲ့ နှလုံးသား ရင်ဘတ်ထဲမှ ခုန်ထွက်သွားမလားတောင် အောက်မေ့ရလေသည်။

အပြုံး ... အပြုံးဆို နှိုင်းစရာ မိုနာလီဆာ ပဲ ပြေးမြင်မိသည်။ မိုနာလီဆာ အပြုံး ဘယ်လိုလှတယ် ဘယ်လောက်လှတယ်မသိပါ ... သို့သော် ထိုဂြိုလ်သားမလေးသည် မှော်ပညာ တစ်စုံတစ်ရာ ထည့်ပြုံးသလား အောက်မေ့ရအောင် ပြုံးလိုက်သောအပြုံးသည် ကိုယ့်အတွက်တော့ မိုနာလီဆာ ထက်ပိုလှသည်ဆိုတာကိုတော့ ယွန်းစိတ်ထဲသေချာနေလေသည်။

"ချစ်မိသွားတာလား?"

ရုတ်တရက် ဘယ်ကြားကမှန်းမသိပေါ်လာသော မေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကို မေးလိုက်မိသည်။

With you <3 [COMPLETED]Where stories live. Discover now