Chapter - 10 (Unicode)

4K 204 0
                                    

မိုးမခ ရုံးခန်းထဲတွင် အလုပ်ရှုပ်နေတုန်း တစ်စုံတစ်ယောက် ကို လွမ်းသလိုလိုဖြစ်လာသည်။ ထိုတစ်စုံတစ်ယောက်မှာ ယွန်း ပင် ဖြစ်သည်။

မတွေ့ရတာ နှစ်နာရီ လောက်တောင် ရှိသွားပြီ ><

စိတ်တို့က ပျံ့လွင့်ကာ  ယွန်း က ချစ်တယ် လို့ ပြောခဲ့တဲ့ စနေနေ့လေးကို ပြန်သတိရနေမိသည်။

ယွန်းရဲ့ မူးနေတုန်း အသိမဲ့စွာ  ပြောတဲ့ ချစ်တယ် ဆိုတဲ့ စကားကို ကြားရသည်နှင့် သတိကပ်နေတဲ့သာမန်အချိန်မှာ ကိုယ့်မျက်လုံးကို တည့်တည့်ကြည့်ပြီးမှ ချစ်တယ် ဆိုတဲ့ စကားကို ကြားရသည်မှာ ရင်ခုန်ရတာချင်းမတူပါ … မြတ်နိုးမှု သေချာမှု တွေ ပါဝင်နေသော အကြည့်တို့မှာ လူကို ပိုပိုပြီးချစ်လာအောင် ချုပ်ဆေး ကျွေူးသလိုပင် …

အင်း ~ ပြောရရင် … ယွန်းကလည်း ကိုယ့်ကို ချစ်တယ် … ကိုယ်ကလည်း ယွန်းကို ချစ်တယ် … ဒါပေမယ့် ကိုယ်တို့နှစ်ယောက်ဟာ ရည်းစားလား ဟု မေးလျှင် မဟုတ်ပါဘူး လို့ပဲ ဖြေတာ ပိုသင့်လျော်ပေမည်။

ထိုနေ့က ရုပ်ရှင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်မှာ ဘဝတွင် အကြည်နူးရဆုံးအချိန်လေးကို ပိုင်ဆိုင်ရဖို့ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေး ပေးလိုက်ခြင်းဖြစ်သည်။

----------------------

Flashback

ရုပ်ရှင်ကြည့်ရန် အပေါ်သို့ တက်လာကြပြီးမှ ဘာကားကြည့်ရမှန်းမသိ …

" ခ … ခ ဘာကားကြည့်ချင်လဲဟင်?"

"Grimm ကြည့်မယ်"

"အာ ကြောက်စရာကြီးကိုကွာ … ပြီးတော့ series ကြီး … movie ပဲ ကြည့်ပါကွာနော်"

"ကြောက်တတ်လိုက်တာ … စိတ်ဝင်စားဖို့ကောင်းပါတယ် ယွန်းရဲ့ … အာ့ဆို animation cartoon ကားလေးတွေ ကြည့်မယ်… Frozen ဆို ဘယ်လိုလဲ?"

"ကြည့်ပြီးသားကြီးကို"

"ကြည့်ပြီးသားလည်း ဘာဖြစ်လဲ… ပြန်ကြည့်မှာပဲ"

"Ok Ok သဘော သဘော"

ထို့နောက် ယွန်း က ပဲ အလျှော့ပေးကာ ကြည့်ပြီးသား Frozen ကို ပြန်ကြည့်နေရတော့သည်။

With you &lt;3 [COMPLETED]Donde viven las historias. Descúbrelo ahora