Chapter - 4 (Unicode)

3.6K 268 0
                                    

Knowing that it's a slippy hill,
I'd rather not to climb up still

×××××××××××××××××××××××

ယွန်း ခုတလော စိတ်တွေအရမ်းရှုပ်ထွေးနေမိသည်။ တစ်ဖက်က ဘဝမှာ ပထမဆုံး ရင်ခုန်သံကို စတွေ့ခြင်းဖြစ်ပြီး တစ်ဖက်မှာလည်း ရင်ခုန်မိသူမှာ မိန်းကလေးစစ်စစ် တစ်ယောက်ဖြစ်နေခြင်းပင်…

မဖြစ်သင့်ဘူး ဆိုတာ သိပေမယ့်လည်း နှလုံးသားရဲ့ စေညွှန်ရာ ကို ငြင်းဆိုလို့မရ … မနက်တိုင်း သူ့ မျက်နှာလေး တွေ့လိုက်ရမှ နေသာထိုင်သာရှိသည် … သူကျောင်းမလာတဲ့ နေ့မျိုး ကိုယ်အကြောင်းကိစ္စ ရှိလို့ ကျောင်းမသွားဖြစ်တဲ့ နေ့မျိုး ဆို တစ်နေ့လုံး တစ်ခုခုလို နေသလို ရင်ဘတ်ထဲ ဟာတာတာ …

ပထမတော့ ဒါဟာ ခဏတာ စွဲလမ်းမှုလို့ထင်ခဲ့ပေမယ့် ကိုယ့်စိတ်ဟာ တစ်နေ့ထက်တစ်နေ့ သူ့ကိုစွဲလမ်းလာတာ သိရချိန်မှာတော့ အတွေးပေါင်းစုံ နဲ့ စိတ်တွေ ရှုပ်ထွေးရပါသည်။ ယွန်း သည် ကိစ္စတစ်ခုကို ဘက်ပေါင်းစုံမှ ရေရှည်အတွက် တွေးတတ်သူဖြစ်သဖြင့် ဒီကိစ္စသည် ကိုယ့်အတွက် လက်မခံစရာဖြစ်လာသည်။

ကိုယ့်စိတ်ကို တစ်ခါတလေ ထိုကဲ့သို့ ဦးနှောက်က စိုးမိုးတဲ့အချိန်ရှိသလို တစ်ခါတလေ လည်း နှလုံးသားက စိုးမိုးချိန်တွင် သူ့ကိုပြေးဖက်နှုတ်ဆက်လိုက်ပြီး "ငါနင့်ကိုကြိုက်တယ်" ဟု ပြောပစ်လိုက်ချင်သည်။

ကိုယ့်အဖြစ်ကို ပြန်တွေးရင်း ဖေဖေ့ မျက်နှာပါ စိတ်ထဲပေါ်လာသည်။

"ဖေဖေ သာ ဒီအဖြစ်ကို သိရင် ဘယ်လိုတုံ့ပြန်မလဲမသိဘူး"

                    ------------------

"ကန်တင်းသွားရအောင် ယွန်း … ငါဗိုက်ဆာလို့"

break time ချိန်ရောက်တော့ အချိန်သုံးပါးမရွေး ဆာနေတတ်သော ဒေါ်ဧကရီ ဆီမှ နှိုးဆော်သံ ကို ထိုသို့ကြားလိုက်ရလေသတည်း။

"အေး … ခုနပဲ ဆရာမအလစ်မှာ ခိုးစားနေတဲ့ မုန့်က ဘယ်ကမ္ဘာ ရောက်သွားလဲ?"

"ပေါင်မုန့် သေးသေးလေးက နံ မကပ်ဘူးဟဲ့ … ယွန်း မရစ်နဲ့ဟာ … ငါတကယ်ဆာနေတာ … နင့်ပြောရတာ လေကုန်တယ် … ဗိုက်ပိုဆာလိမ့်မယ် … လာ သွားမယ် ထ"

With you <3 [COMPLETED]Where stories live. Discover now