(12ပိုင်းသာကျန်ရှိတဲ့ဆာကူရာပုံပြင်ဟာ 3နှစ်အကြာမှာအဆုံးသတ်ဖို့ဖြစ်လာခဲ့ပါပြီ
စိတ်ကူးသက်သက် ဖန်တီးထားခြင်းဖြစ်၍ပြင်ပလောကမှဂျပန်သမိုင်းကြောင်းနဲ့လုံးဝမသက်ဆိုင်ပါရှင် ။ Melodramaဖြစ်၍ သွေးထွက်သံယိုများလည်းပါဝင်သောကြောင့်အဆင်ပြေမှာဖတ်ရှုပေးပါရှင် )နိဒါန်း
ဝေ့ဝဲ..ကာတိုက်ခတ်လာသောနှင်းပွင့်တို့နဲ့အပြိုင်..လှရက်လွန်းပါတဲ့ပန်းသွေးရောင်ခြယ်သော..ဆာကူရာများပန်းကြွေများ.
ကျနော်..ပြုံးလိုက် မိသလား
ဒဏ်ရာအပြည့်ဖြစ်နေသော..ခန္ဓာကိုယ်ငယ်ဟာနာကျင်လွန်းတာကြောင့်
အပင်ပေါ်မှ..ဆာကူရာတို့ကို...
ထိတွေ့နိုင်ခြင်းမရှိတော့သော်လည်းတဖွဲဖွဲကျနေသော
မြေပြင်ပေါ်မှ.ပန်းအကြွေလေးများကိုတော့
ထိတွေ့နိုင်ပါသေးသည်လေ..။မြေပြင်ပေါ်မှပွင့်ဖတ်အချို့ကိုအားတင်းကာ
အမြတ်တနိုးထိတွေ့မိ၏..သို့သော်ငြားမြေပြင်ပေါ်လှဲလျောင်းနေရသေးသည်မလို့ကိုယ်ပေါ်မှ..တစိမ့်စိမ့်စီးကျနေတဲ့သွေးများဟာနူးညံ့သော.ဆာကူရာပွင့်ဖတ်လေးများကို တစွန်းတစပေသွားမှာတော့တကယ်ကို..အားနာရပါသည်..။
သိပ်လှတဲ့ဆာကူရာပန်းတွေ
ကျနော့်သွေးတွေကြောင့်အကျည်းတန်ရတော့မည်ပဲ..။ရုတ်တရက်...
မြင်ကွင်းထဲဝင်လာတဲ့ပုံရိပ်လေးတစ်ခု..သွေးရောင်လွှမ်းသောဆာကူရာပွင့်လွှာတွေအပေါ်အေးဆေးစွာ..တလှမ်းခြင်းလျှောက်လာသူ...
ငွေဖြူရောင်ဆံနွယ်ရှည်တွေဖရိုဖရဲနဲ့
ပွင့်လွှာတချပ်လိုဖျော့တော့သေးငယ်လျက်
သွေးအလူးလူးဖြစ်ကာလဲကျနေသော
ကျနော့်အပေါ်အုပ်မိုးကာ
သွေးအေးစွာ..ကြည့်နေသူ.က
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)