(1560-okehazama)
16ရာစုတွင်.Aနိုင်ငံရဲ့အကျော်ကြားဆုံး
တိုက်ပွဲဟုဆိုရမည်.ဖြစ်သည့်(အိုကေဟာဇာမာ.).တိုက်ပွဲတွင်ပါဝင်ခဲ့သည့် စစ်သည်တော်များမှ တစ်ချို့သည် လွန်စွာမှ မျိုးရိုးဂုဏ်ရှိန်ကြီးမားသည့်အာဏာစက်ပြင်းသူများဖြစ်လာကြသည်။ထိုစစ်သည်တော်များအနက်
ဟာနာဇဝါမျိုးနွယ်(ဆာမူရိုင်း) ကင်ဒိုအိမ်တော်သည် Tမြို့ရဲ့..အခန့်ညားဆုံး..နှင့်
အလေးစားရဆုံး..စံအိမ်တော်ပင်ဖြစ်သည်..။ထိုအိမ်တော်အား အနည်းငယ်မျှအတိမ်းအစောင်းမခံ ဆက်၍အာဏာကြီးမားလာစေဖို့ အထိန်းအကွပ်ကြီးစွာ.သားစဉ်မြေးဆက်...ဆက်ခံခဲ့ရာယခုလက်ရှိ.စံအိမ်တော်ရဲ့သခင်မှာ 1961...တွင်မွေးဖွားခဲ့သည့်သခင်..ဟာနာဇဝါ ရှုရာ ..ပင်..။
ရှေးမှအိမ်တော်သခင်များနှင့်ယှဥ်လျှင်ရှုရာသည် လွန်စွာမှ သဘောထားကြီးကာ သွေးစွန်းရမည့်ကိစ္စတွေကိုမနှစ်မြို့တတ်သောသခင်ဖြစ်သည်..။
သခင်ရှုရာသည်..မျှတစွာဆက်ဆံတတ်၍
သဘောထားကြီးသော်ညားဇနီးဖြစ်သူ..ဟာနာဇဝါရိုကိုစံ မှာ ဂုဏ်မြင့်ကာ..မာနကြီးသောမိန်းမချောဖြစ်သည်..။မျိုးရိုးမြင့်မှဆင်းသက်လာ၍
လိုတာရသော..သူမဘဝတွင်
ဘယ်သူမှမသိသည့် အကြီးမားဆုံးသော..ရှုံးနိမ့်မှုတစ်ခုရှိခဲ့သည်..။ထိုရှုံးနိမ့်မှုကြောင့်ပင်သူမရဲ့စိတ်တို့သည်.. ဘယ်သောအခါမှငြိမ်းချမ်းနိုင်ခြင်းမရှိပါချေ..။
ထို့ကြောင့်.လဲ. သူမသည်
တစ်ဦးတည်းသောသားဖြစ်သူအား
မေတ္တာတရားထက် အတ္တတရားကိုသာသင်ပေးဖို့
အကြောင်းတရားဖြစ်လာခဲ့လေသည်..။....
လှပ..စိမ်းလန်းသောဥယျာဉ်.ကြီးအတွင်း
ခရမ်းပြာပန်းအချို့သည်နေရာအနှံ့လှပစွာ..ဖူးဝေနေခဲ့သည်..။ဆောင်းဦးတွင်ပွင့်တတ်သောနှင်းပန်းလေးတွေလည်း
စီစီရီရီပေါက်ရောက်လျက်ရှိနေခဲ့သည်..။စီးဆင်းနေသောရေကြည်ကြည်မှ
အသံတို့သည်ငြိမ့်ငြိမ့်ငြောင်းငြောင်း..ငြင်သာလျက်..တစ်ချက်တစ်ချက်ဓားခုတ်သံကလွဲ
ဘာကိုမှမကြားရ..။
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)