ဖွေးဆွတ်နေသောအိပ်ရာပေါ်ဝယ်
ဝါဂွမ်းလေး..အလား
ငွေဖြူရောင်ဆံရှည်ကလေးလေးတယောက်
နှစ်နှစ်ခြိုက်ခြိုက်..အိပ်မောကျနေသည်မှာ
မြင်သူတိုင်းကို
ပြုံးမိစေသည်အထိချစ်ဖွယ်ကောင်းလှသည်..။တကယ်ကိုအပူအပင်ကင်းစွာ
အိပ်မောကျနေတာကြောင့်ငိုထားသဖြင့်ကျိန်းစပ်နေသော.မျက်ခွံမို့မို့လေးတွေကို
ဘေးမှတစိမ့်စိမ့်ထိုင်ကြည့်နေခဲ့သည့်
ရှစ်နှစ်အရွယ်ကောင်လေးက..ချစ်မြတ်နိုးစွာ
ခိုးနမ်းသွားသည်ကိုမသိလိုက်ပါ..။မက်မွန်သီးလိုပါးရဲရဲဖောင်းဖောင်းအိအိလေး.
နှစ်ဖက်ကို ဖိနမ်းသွားသည်လဲမသိလိုက်..။နှာခေါင်းလုံးလုံးလေးကို
အသည်းယားစွာညှစ်သွားသည်လဲမသိလိုက်..။နီနီရဲရဲပါးစပ်လေး..အဟောင်းသားနဲ့သာ
အူယားစဖွယ်အိပ်နေလေသည်..။ဆက်အိပ်ချင်သေးသော်လည်း
နဖူးပေါ်ရှိ.နေရောင်နုနုလေးက
ခြေသလုံးတုတ်တုတ်လေးပေါ်ထိစူးကျလာတော့မျက်လုံးဝိုင်းဝိုင်းလေးတွေကို.. အားတင်းကာ
ဖွင့်လိုက်ရသည်..။"ဟင်း..အင်း..ဝှါး
ပေပေရေ..မေမေ..''အကျင့်ပါနေကြ အတိုင်း
ဖေဖေနဲ့မေမေကို..အော်ခေါ်ပြီးမှအခန်းကျယ်ကြီးမှာ
ခါတိုင်းလို..ဂျင်းလေး..ဟုခေါ်ရင်း
အော်ကာ..ဝင်လာတတ်သည့်ဖေဖေလည်းမရှိပါ.။ပြုံးချိုစွာဆီးကြိုရင်း
အိပ်ပုတ်လေးဟု.ချစ်စနိုး.စတတ်သည့်
နွေးထွေးသောမေမေ့ရင်ခွင်လည်းမဟုတ်ပါ..။ဘယ်သူမှမရှိသည့်ကုတင်ဖြူဖြူထက်မှာ
သူတစ်ယောက်တည်းသာ..။ဖေဖေရောမေမေပါမရှိတော့တာလား
သူ..တကယ်ကိုလှိုက်ကာဝမ်းနည်းလာမိသည်..။
ဘယ်သူမှမရှိသည့် ဒီအခန်းကျယ်ကြီးကိုလဲ..
ဂျင်းသိပ်ကြောက်ပါသည်..။"ဟင့်..အင့်ပေပေရေ..မေမေ
ပေပေရေ..မေမေ
ဂျင်းခေါ်နေတယ်ရေ..ပေပေရေ..မေမေ
ပေပေရေ..ပေပေရို့''
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)