သူ့ကို သူတို့ အနုပညာဘက်ကသာမက ဟောဒီ ဆိုးလ်မြို့က ကျောင်းသားကျောင်းသူတွေ အတော်များများသိကြတယ်။သူဟာ ရုပ်ချောလို့လည်း မဟုတ်ဘူး သူ့မှာ ယောကျာ်းလေးတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်လုံးကိုယ်ထည် အရပ်အမောင်းနဲ့ အကျည်းမတန်ဘူးလို့ ပြောလို့ရရုံ ရုပ်ရည်ပဲရှိတာ။ သူ့မှာချမ်းသာတာဆိုလို့လည်း ဆောင်းတွင်းပဲရှိပါတယ် ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ အနွေးထည်ရယ်လို့ ဟုတ်တိပတ်တိမရှိတော့ ဆောင်းတွင်းဆို အရမ်းကို ချမ်းသာတာပေါ့။စာကလည်း သိပ်မတော်ပါဘူး သူလိုကိုယ်လို စာအုပ်ထဲတောင် စာစုံအောင်ရှိတဲ့သူ မဟုတ်ဘူး စာမေးပွဲနားနီးခါမှ ဟိုလူ့ဆရာခေါ် ဒီလူ့ ဆရာခေါ်နဲ့ ဆရာများရတဲ့သူ။
ဒါနဲ့များ ဘာလို့တစ်ကျောင်းလုံးက သူ့ကို သိနေကြရတာလည်း လူချစ်လူခင်များရတာလဲ အဖြေက ရှင်းရှင်းကလေးရယ် သူက ရယ်ရွှင်ခြင်း အနုပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားလို့ သူနဲ့တွေ့ရင် တဝါးဝါး တဟားဟား ရယ်ရတယ်။ နေရာ အချိန်အခါကိုလိုက်လို့ ရယ်စရာစကား ပြောတတ်တယ်။သူ့ ဆောင်ပုဒ်ကိုက ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ ပျင်းပျင်းနေတော့ စင်းစင်းသေတယ်တဲ့။သူက ရယ်စရာလုပ်တယ် ပြောတယ်ဆိုပေမယ့် သူတစ်ပါး မခံမရပ်နိုင်အောင် လုပ်တာတော့မဟုတ် ခံရသူလည်းပြုံးပြုံးကလေးနဲ့ မချိသွားဖြဲ ရှက်ရယ် ရယ်ရရုံလောက်ပါပဲ
ဒါပေမယ့် ရယ်ရအောင်လုပ်ရတာဆိုတော့ တစ်ခါတလေ ကိုင်းဖျားမလွတ်တာလေးတွေလည်း ရှိတော့ရှိတယ် ရှားတယ်ပေါ့ ဘာပဲဖြစ်ဖြစ်သူ့ကို အားလုံးက နားလည်ပေးတယ် ခွင့်လွှတ်ကြတယ် ချစ်ခင်ကြတယ်ပေါ့ သူနဲ့တွေ့ရင် ရယ်ရတာကိုး ရည်းစားပူမိနေသူတွေတောင်မှ သူနဲ့တွေ့ရင် ကွဲနေတဲ့ အသည်းတောင်မှ ပြန်ဆက်သွားပြီလား မှတ်ရအောင် တဟီးဟီး တဟားဟားနဲ့ ဖြစ်နေတော့တာ စာကျက်ရလွန်းလို့ ဦးနှောက်ခြောက်နေတဲ့သူတွေလည်း ကော်ဖီဆိုင်မှာ သူနဲ့တွေ့လိုက်ရုံပဲ ရယ်သံနဲ့ ဦးနှောက်ဆေးပြီးသား ဖြစ်သွားမယ်။
သြော်………မေ့တော့မလို့ သူ့ကို သွန်းနေရတာနဲ့ အဓိကပြောရမယ့်စကားတောင် မပြောမိသေးဘူး သူ့ နာမည်က ကင်တေးယွန်း အနုပညာ တတိယနှစ်ကဆိုတာပါ ဟွန်း……နာမည်ကိုက တေးယွန်းတဲ့ တွန်းရေ ရေတွန်းစားရမယ့်ကောင် မျက်နှာကိုက ကျောက်ကျောရေစွတ်ထားတဲ့ မျက်နှာနဲ့ ကောင်မလေးတွေကလည်း သင်းနဲ့တွေ့ရင် ရွန်းနီးမန်း နဲ့ ဝီးကလီးအိုင်ဒေါ နှစ်ဖက်ညှပ်ပြီး ကလိထိုးပေးနေတာလားကျလို့ တဟီးဟီး တခွီးခွီးနဲ့ အူတက်မတတ် ဖြစ်နေလိုက်ကြတာ တကတည်းမှပဲ။ မနက်စောစော ကင်မ်ချီ ထမင်းကြော်စားဖို့ထွက်အလာ တေးယွန်းနှင့် ပွဲကျနေသော တစ်ဖနီနှင့် ယွန်းန တို့ကို ခပ်လှမ်းလှမ်းမှ ရပ်စောင့်နေရင်းမှ ဂျက်စီကာ ဒေါသထွက်နေမိသည် ပြီးမပြီးနိုင်ဘူး ရှည်တော်မူလိုက်တဲ့ စကားကြော ကိုရီးယားဇာတ်လမ်းတွဲတစ်ခုလုံးကို တစ်ထိုင်တည်းနဲ့ အစအဆုံး ပြောပြရင်တောင် ဒီလောက် ကြာမှာ မဟုတ်ဘူး ဒီမှာဖြင့် ဗိုက်က ဆာလှပြီ ဟွန်း………ကောင်မစုတ်တွေ
" ဟေ့………မိန်းမတွေ စကားကပြောလို့ မပြီးဘူးလား "
အဲဒီလို ခပ်ဆတ်ဆတ်ကလေး ဂျက်စီကာ က အော်လိုက်မှ တစ်ဖနီနဲ့ ယွန်းန တို့ သူမကို ရှိသေးပါကလားလို့ သတိရတော့တယ်
" အော် အေး……အေး…… လာပြီ လာပြီ "
" ဒီမှာ ညက ခြောက်ဆွဲခြောက်ပြုတ်ကလေးနဲ့ ပြီးလိုက်ရတာ ဗိုက်က ဆာလှပြီ "
သူမ၏ အပြစ်ဆိုစကားကို တစ်ဖနီက ပြောင်ချော်ချော်နှင့် ပြန်အော်သည်
" ကျုပ်တို့တောင် မဆာသေးဘဲနဲ့ ရှင်က………"
" သြော်………ရှင်တို့မဆာတိုင်း ကျုပ်က မဆာရတော့ဘူးတဲ့လား ဟင်း……ဟင်း…… ရှင်တို့ ဗိုက်တွေ ဖောက်ပြီး အူနှုတ်စားမိလိမ့်မယ်နော် ဟင်း………"
တစ်ဖနီနဲ့ ယွန်းန တို့ကို အနိုင်ယူလိုက်တဲ့ ဂျက်စီကာ ရဲ့ စကားက တေးယွန်း ဆိုတဲ့ သတ္တဝါရဲ့ စကားနဲ့ကျမှ အရှုံးကြီး ရှုံးလိုက်ရတယ် ကြည့်လေ………ရေတွန်းစားမယ့်အကောင် ပြောသွားပုံက……
"ဟေ့………ဂျက်စီကာ စားချင်ရင် အူတော့ဖောက်မစားပါနဲ့ဟာ ဟေ့ တစ်ဖနီနဲ့ ယွန်းန ကလည်း နှမျောမနေကြပါနဲ့ဟာ ဒီလောက်တောင် ဆာနေတဲ့ ဥစ္စာ ယိုကျွေးလိုက်ကြပါ သူ့ခဗျာ သနားပါတယ် စားချင်ပြီတဲ့ "
အော်ပြောပြီး စက်ဘီးကို နင်းထွက်သွားတဲ့ တေးယွန်းရဲ့နောက်ကျောဘက်ဆီမှာ ဂျက်စီကာ ရဲ့ အယုတ္တ အနတ္တ စကားတွေ ကပ်ပါသွားတယ်။
YOU ARE READING
ချစ်ခြင်းနံရံကိုဖောက်ခွင်းတဲ့ ရယ်သံ ☑
Fanfictionမူရင်း-ညီနောင် ဟာသ/လုံးချင်းဝတ္ထု Taengsic (Normal Ver.) ( " Soul " Fanfiction Vote 1K ပြည့် လက်ဆောင်) Started Date [Mar - 6 - 2018] Completed Date [Jun - 27 - 2018]