အပိုင်း (၁၃)

146 34 4
                                    


" ချစ်သူကို လွမ်းရတာ ချိုမြိန်ယစ်မူးစရာပဲဗျာ "

ပထမနှစ်သမိုင်းက ကောင်လေးတစ်ယောက်က အခန်းထဲဝင်လာပြီး ရေသောက်ရင်း တေးယွန်းကို လှမ်းပြောလာတယ် သူ့ကောင်မလေးက သူမတို့ မြို့ကို ခဏ ပြန်သွားတာ  အဲဒီ တစ်ရက်နှစ်ရက်လောက် လွမ်းရတဲ့ အလွမ်းကို သူတို့ကို သူတို့ ကိန္နရီ ကိန္နရာများ အောက်မေ့နေကြသလား မသိဘူး အလွမ်းကို ဇာချဲ့ပြီး မိတ္တူပွားနေကြတာ

" သူများတွေလို လွမ်းလို့ဆွေးလို့မှ သီချင်းဆိုရအောင် ဂီတာမတီးတတ်ဘူး "

သနားစရာတောင် ကောင်းနေပါ့လား

" ကျွန်တော့်ရင်ထဲမှာ အလွမ်းတွေ ပန်းလိုပွင့်နေတယ် တေးယွန်း ဟျွန်းရာ "

ဒုက္ခပဲ အလွမ်းမင်းသားကြီးစတိုင်လ်နဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွပြီး ခေါင်းကို ခါယမ်းနေလိုက်သေးတယ် အခန်းထဲမှာ ဖြေဆည်ရာမရတဲ့ ပုံစံမျိုးနဲ့
ခေါက်တုံ့ခေါက်ပြန် လျှောက်နေလိုက်သေးပြန်ရာ ဟာသသရုပ်ဆောင်တွေ ပြောသလို ငါသာ ခွေးရူးဆို မင်းကို အရင်ကိုက်တယ် မျက်စိထဲရှုပ်လို့

" သွားစမ်းပါကွာ မင်းဘာသာမင်း သင့်တော်ရာ တစ်နေရာမှာ သွားလွမ်းချည် ငါ တစ်ရေးလောက် အိပ်မလို့ "

တေးယွန်းက နှင်ထုတ်လိုက်မှ ထွက်သွားတယ် တေးယွန်းကို လှည့်ကြည့်ပြီး ပြောသွားလိုက်သေးတယ်

" မခံစားဖူးတော့ ကိုယ်ချင်းမစာတတ်ဘူးပေါ့ဗျာ "တဲ့

တေးယွန်း အိပ်ပျော်လုပျော်ခင်မှာ ခြေမနှစ်ချောင်းမှာ သားရေကွင်းတပ်ပြီး ခပ်ကစားနေတဲ့ ကလေးတွေလို ကပေါက်တိ ကပေါက်ချာ ဂီတာသံကြောင့် အခန်းအပြင်ဘက်ကို ထွက်ကြည့်လိုက်တယ် ဟာ……… စောစောက အလွမ်းသမားက ဘယ်ကဆွဲလာခဲ့မှန်းမသိတဲ့ ဂီတာကြီးကို ကြောက်ကုတ်သလို လျှောက်ခြစ်နေတာကိုး ရူးလည်းရူးပါ့

" အယ်……… "

သကောင့်သား တီးနေတဲ့ ဂီတာကို အသေအချာကြည့်လိုက်တော့မှ အိပ်ချင်နေတဲ့ စိတ်တွေပြေသွားပြီး ခွက်ထိုးခွက်လန်ရယ်ချလိုက်မိတယ်

" ဟား… ဟား… ဟား… "

" အဲဒါက ဂီတာကြိုးက သာမာန် ညာသံတွေတီးဖို့ တပ်ထားတာ ငနဲက ဘာမသိ ညာမသိနဲ့ နားမလည်ဘဲ ဂီတာကို ဘယ်ကျော်ကြီးကိုင်တီးနေတာ ကြိုးတွေက ပြောင်းတိ ပြောင်းပြန် ဇောက်တိဇောက်ထိုးဖြစ်နေပုံကို ကြည့်ပြီး ရယ်လိုက်ရတာဟာ "

ချစ်​ခြင်းနံရံကို​ဖောက်​ခွင်းတဲ့ ရယ်​သံ ☑Wo Geschichten leben. Entdecke jetzt