အပိုင်း (၆)

251 42 2
                                    


" ​ကောင်​စုတ်​.........ကောင်ပဲ့ "

ဂျက်စီကာက သူမ အတတ်နိုင်ဆုံး (အညစ်ညမ်းနိုင်ဆုံး) အဲသည် စကားစုလေးနှင့် တေးယွန်းကို ဆဲလိုက်တယ် တေးယွန်း လုပ်ပုံက ဂျက်စီကာတို့ မျိုးရိုးက ဖာသာမျိုး စစ္စတာမျိုးလို့ မစ္စစ်ဟိုယွန်း ထင်မယ်ဆိုရင်လည်း ထင်စရာ ကြည့်လေ ဒုတိယမ္ပိရောက်လာတဲ့ စာရဲ့ လိပ်စာက စစ္စတာဆောနီတဲ့

" အလကား အကောင်စုတ်.........ပေါက်တတ်ကရလုပ်လိုက်ပြန်ပြီ "

ဂျက်စီကာက စာကို အိပ်ယာပေါ်ပစ်ချလိုက်ပြီး တစ်ဖနီနဲ့ ယွန်းန တို့ကို ပြောလိုက်တယ် ယွန်းနနဲ့ တစ်ဖနီက ခေါင်းချင်းဆိုင်ပြီး စာကို အသံထွက်ဖတ်ကြလေရဲ့

" ဟဲ့.........ဘာစာတွေလည်းဟ ဘန်းစကားနဲ့ရေးထားတာလား မသိဘူး "

တစ်ဖနီက စာရွက်ခေါက်ကို ဖြည်ကြည့်ပြီး ထအော်တယ် ယွန်းနက တစ်ဖနီ ပခုံးကို ပုတ်လိုက်ပြီး.........

" ဆက်ဖတ်တော့ ကြည့်ပါအုံး "

" အေးဟ ဖတ်ကြည့်လိုက်အုံးမယ် ဘာတဲ့......အဲ......ကညေကာ မယက မာနံမံ နာကာမသိ ကိနွိဒံတဲ့ ဘာတွေမှန်းလည်း မသိဘူး "

" ဆက်ဖတ်ပါ အောက်မှာ မြန်မာလိုရေးထားတာ ပါတယ်ဟ "

တစ်ဖနီနဲ့ ယွန်းနတို့ စာကို ဆက်ဖတ်ကြပြန်တယ်

" ကညေ-အပျို / ကာမယမာနံ-သင့်ကိုချစ်နေသော / မံ-ကျွန်ုပ်ကို / တွိံ-သင်သည် / နကာမယသိ-မကြိုက် / ဣဒံ-ဤသို့ ကျွန်ုပ်က သင့်ကို ကြိုက်နေပါလျက် သင်က ကျွန်ုပ်ကို ပြန်မကြိုက်ခြင်းသည် / ကိံနု-အဘယ်ကြောင့်ပါနည်း / မီယန်မာမှ ပထမကြီး အလင်္ကာကျမ်းတဲ့ "

ယွန်းနရော တစ်ဖနီပါ ခွက်ထိုးခွက်လန် ရယ်ကြရရှာတယ် ဂျက်စီကာမှာတော့ ရယ်ရအခက် အငိုရခက်

" ဒါ.........ရည်းစားစာလား "

ယွန်းနနဲ့ တစ်ဖနီက ဂျက်စီကာကို မျက်စပစ်ပြီးမေးတယ် ဂျက်စီကာက သူတို့ အမေးကို မဖြေဘူး ရင်ခွင်ထဲမှာ ထည့်ထားတဲ့ ခေါင်းအုံးကို ကိုင်ဆောင့်ပြီး သူ့ဘာသာသူ ပြောတယ်

" ဒီကိစ္စကို ပြတ်ပြတ်သားသားရင်ဆိုင်မှ ဖြစ်တော့မယ် "

" ဘာလဲ ကင်တေးယွန်းကို ချစ်ပါတယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်တော့ဖို့လား "

ချစ်​ခြင်းနံရံကို​ဖောက်​ခွင်းတဲ့ ရယ်​သံ ☑Donde viven las historias. Descúbrelo ahora