ဒီ ပြဿနာကို ပေါ်ပေါက်လာအောင် အတို့အထောင်လုပ်သူမှာ ချွဲဆူယောင်း ပါ ဘယ်ကိစ္စမဆို သူ့ဘာသူနေရင် အေးအေးဆေးဆေးနှင့် ပြီးသွားရမယ့် ကိစ္စကို ဆူယောင်း အတို့အထောင်ဝင်လုပ်မှ ပိုရှုပ်ကုန်တတ်တာ ဒါကြောင့်လည်း 'အတို့အထောင် အရိုးကောင်´ လို့ နာမည်တွင်တာ"ဟေ့ကောင်……တေးယွန်း မင်းကို ဂျက်စီကာက မျက်စိရေခဲစူးနေပုံရတယ်"
နိဒါန်းမပျိုး ဘာမပျိုးနဲ့ ဝုန်းခနဲ ရောက်လာပြီး ဒိုင်းခနဲ ပြောလိုက်တဲ့ ဆူယောင်း စကားကြောင့် သောက်လက်စကော်ဖီတွေ ပိုချိုသွားသလားထင်လိုက်တယ် ဒီနေရာမှာ တစ်ခြားသူဆို ကော်ဖီတွေ ပိုးခါးသွားတယ်လို့ သုံးနှုန်းမှာဖြစ်ပေမယ့် သူ့ အဖို့တော့ အချိုမကြိုက်၍ အခါးသောက်တတ်သူမို့ သည်လို သုံးလိုက်တာပါ တေးယွန်းက ပါးစပ်ထဲတွင် ချိုပစ်ပစ် ဖြစ်လာတဲ့အရသာကို ဗြစ်ကနဲ ထွေးထုတ်လိုက်ပြီး………
"အေးလေ နာမည်ကိုက ဂျက်စီကာ ရေခဲမင်းသမီးဆိုတော့ မျက်စိရေခဲစူးတာ မဆန်းဘူးပေါ့ကွာ" လို့ပြောတော့ အတို့အထောင် အရိုးကောင်ဆူယောင်းက
" အေးကွ နာမည်ကလည်း ကြံကြံဖန်ဖန် ဂျက်စီကာ တဲ့ " ဟု အတို့အထောင်ပေးပြန်သည်
" သူ့မှာ အစ်မတွေ ညီမတွေရှိနေသေးရင် နာမည်တွေကလည်း ဂျက်အေကာ ဂျက်ဘီကာ ဂျက်ဒီကာ ဂျက်အီးကာ ဂျက်အက်ဖ်ကာ တို့များ ဖြစ်နေဦးမလား မသိဘူး "
အတို့အထောင် ရဲ့ စကားကို သဘောကျပြီး သူရယ်လိုက်ရသေးတယ်
" နေပါဦး ဂျက်စီကာ က င့ါကို ကြည့်မရဖြစ်နေတယ်လို့ မင်းက ဘာလို့ပြောနိုင်ရတာလည်း "
ဆူယောင်း စောင့်နေတဲ့အမေးစကား တကယ်လို့ တေးယွန်းက မမေးလည်း ဆူယောင်းက ဒီစကားကို ပြောပြပြီး အတို့ အထောင်လုပ်တော့မှာ
" မင်းပဲသတိထားကြည့်လေ ကန်တင်းမှာပဲဖြစ်ဖြစ် မြို့ထဲက စားသောက်ဆိုင်မှာပဲ ဖြစ်ဖြစ် မင်းတို့အဖွဲ့နဲ့ စားပွဲချင်းကပ်ထိုင်ကြပြီဆိုရင် ဂျက်စီကာက မင်း မျက်နှာမူတဲ့ ဘက်ကို ကျောပေးထိုင်နေကျ တစ်စားပွဲတည်း ထိုင်ကြပြီဆိုရင်လည်း တစ်ဖနီ တို့ ယွန်းန တို့ကသာ မင်းစကားကို အရေးစိုက် နားထောင်ပြီး ရင်းရင်းနှီးနှီး ရယ်လား မောလားနဲ့ ဆက်ဆံကြတာ ဂျက်စီကာ ကတော့ မင်းကို ဖုတ်လေတဲ့ငပိ နံတယ် လို့ သဘောထားပြီး နှာခေါင်းရှုံ့ချင်ချင်ရယ် မင်းကို ဘယ်တုန်းက မျက်နှာချင်းဆိုင်ဖူးလို့လဲ "
VOCÊ ESTÁ LENDO
ချစ်ခြင်းနံရံကိုဖောက်ခွင်းတဲ့ ရယ်သံ ☑
Fanficမူရင်း-ညီနောင် ဟာသ/လုံးချင်းဝတ္ထု Taengsic (Normal Ver.) ( " Soul " Fanfiction Vote 1K ပြည့် လက်ဆောင်) Started Date [Mar - 6 - 2018] Completed Date [Jun - 27 - 2018]