အပိုင်း (၅)

243 42 4
                                    


ဂျက်စီကာ.........

မိန်းကလေးတစ်ယောက်ကိုချစ်ရင် ရည်းစားစာပေးရတယ် ဆိုတာ ဘယ်ခေတ်ကစပြီး ဖြစ်လာတာလဲ မသိပါဘူးဟာ နင်က သိပ်လှတာပဲ ငါ့ အထင်တော့ စာပေဆိုတာ စပြီး ပေါ်ပေါက်လာတဲ့ အချိန်နဲ့ မရှေးမနှောင်း ဖြစ်လိမ့်မယ် ထင်တာပဲ ငါ နင့်ကို ချစ်တယ် မီယန်မာဆိုတဲ့နိုင်ငံ ကုန်းဘောင်မင်းရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းရဲ့မိဖုရား စုဖုရားလတ်ကတော့ သီပေါမင်းကို အင်္ဂလန်နိုင်ငံက မှာယူထားတဲ့ စာရေးစက္ကူလှလှလေးတွေနဲ့ ချစ်သဝဏ်လွှာပေးခဲ့သတဲ့ နင် ဘာလို့ ဒီလောက် မာနကြီးနေရတာလဲ ထားပါတော့ဟာ မနေ့ညက ကြိုးတန်းပေါ်မှာ လှမ်းထားတဲ့ ငါ့ တီရှပ် သုံးထည် သူခိုးအခိုးခံလိုက်ရတယ် ဝှိုက်ဘုတ်မှာ လက်ကိုင်ပုဝါတစ်ထည် ကောက်ရတယ် ဆိုပဲ ဒါ.........ငါတို့ အဆောင်ရှေ့မှာ ရေဗွက်ကြီးဖြစ်နေတာနဲ့ တိုက်ဆိုင်လိုက်တာလို့ ပါမောက္ခချုပ်က မပြောပါဘူး ရည်းစားစာပေးတဲ့ခေတ်က ကုန်ပြီတဲ့ ဒိုးနတ်တစ်ခုကို အရင်ကထက် ဈေးပိုပေးရတာကို နင် ငြင်းချင်သေးလားဟင် နင့်ကို ငါ အရမ်းချစ်တာပဲဟာ ဘာပဲဖြစ်ဖြစ် ငါ နင့်ကို ချစ်ကြောင်း ရည်းစားစာ မပေးချင်ပါဘူးဟာ တည်တည်တံ့တံ့ နှုတ်ကပဲ ဖွင့်ပြောတော့မယ်လို့ စဉ်းစားတယ်
မှတ်ချက်......ရည်းစားစာဟု မမှတ်ယူပါနှင့်......

တေးယွန်း

စာကိုဖတ်ကြည့်ပြီး ဂျက်စီကာ နှုတ်က ရေရွတ်လိုက်တယ်

" အလကား ငပေါ အရူး "

ဂျက်စီကာ လုံးချေပစ်လိုက်တဲ့စာကို ယွန်းနနဲ့ တစ်ဖနီတို့က ကောက်ယူဖတ်ကြည့်ကြတယ် ခေါင်းချင်းဆိုင် ဖတ်ပြီး တဟိဟိ တခွိခွိ ရယ်ကြပြီးမှ.........

" ဒါ.........ရည်းစားစာပေးတာလား ဂျက်စီကာ "

" မပြောတတ်ဘူး သမာရိုးကျက ဖောက်ထွက်ပြီး အသစ်ထွင်ထားတဲ့ ရည်းစားစာပဲလား ဒါမှမဟုတ် ငါ့ကို တမင်စတန့်ထွင်ပြီး ရယ်စရာလုပ်တာလားတော့ မသိဘူး "

ဂျက်စီကာက စိတ်မပါသလိုပြောရင်း စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်တယ်

" နေပါဦး ဒီစာက နင့်ဆီ ဘယ်လိုလုပ်ရောက်လာတာလဲ တေးယွန်း ကိုယ်တိုင် လိုက်ပေးတာလား "

ချစ်​ခြင်းနံရံကို​ဖောက်​ခွင်းတဲ့ ရယ်​သံ ☑Donde viven las historias. Descúbrelo ahora