ယခု တေးယွန်း တို့ အနုပညာကျောင်းက အုပ်စုလိုက် မီယန်မာဆိုသော နိုင်ငံကိုရောက်နေလေသည် အစကတော့ အင်ချွန်း လေဆိပ် အနီးနားပဲ လည်ပတ်မယ် ဆုံးဖြတ်ထားသော်လည်း တေးယွန်းရဲ့ တဖွဖွနဲ့ မီယန်မာအကြောင်း ချီးမွမ်းပြောဆို နေသည်ကြောင့် ဆရာကလည်း စိတ်ဝင်စားလာပြီး အခုကလည်း လေဆိပ်နားရောက်နေတာဆိုတော့ အဆင်လည်းပြေ ဆရာကလည်း ဘောစိဆိုတော့ ချက်ချင်းလိုက်ပို့ခြင်းပင်စောင်းတန်းလှေကားထစ်ကလေးတွေအတိုင်း တက်လာကြရင်း စောင်းတန်းတိုင်တွေ အုတ်ခုံတွေမှာ ရေးထားကြတဲ့ အမှတ်တရစာတန်းကလေးတွေကို လျှောက်ဖတ်နေမိတယ် နာမည်အတိုကောက် စာလုံးတွေရေးပြီး ခုနှစ်/ရက်/လ တွေနဲ့ အမှတ်တရ ရေးခြစ်ထားကြတဲ့ စာတန်းကလေးတွေက မှေးမှိန်တချို့ သစ်လွင်တောက်ပ တစ်ချို့ တစ်ချို့စာတန်းတွေမှာတော့ နှစ်ယောက်တည်း အိုပါး+နိုးနတဲ့ ခိုနဲ့မတဲ့ စိုး+ဂင်တဲ့ (ကိုရီးယားလူမျိုးက ဖတ်တာဆိုတော့ အသံထွက်က တစ်မျိုးလေးထွက်တယ်လို့ သဘောထားပေးပါ)
အဲဒီလို စာတန်းမျိုးတွေတွေ့ရတော့ အားကျမိပြီး ဂျက်စီကာကို အလိုလို လှမ်းကြည့်မိလျက်သား ဖြစ်ဖြစ်နေရတယ် ကြည်လင်ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ဆုံရတော့ ရင်ထဲမှာ ပီတိတွေ စိမ့်ဖြာဝေသွားရတယ်
လက်ဖက်ရည်ခွက်ထဲ ယင်ကောင်ကျပြီး အထင်လွဲစိတ်ဆိုးခဲ့တဲ့ နောက်ပိုင်း ပြန်လည်ငြိမ်းချမ်းရေးရလာတဲ့ ရက်တွေမှာ ဂျက်စီကာနဲ့ တေးယွန်းတို့ ဆက်ဆံရေးဟာ ပိုမိုရင်းနှီးလာသလိုလိုရှိတယ်လို့ စိတ်ထဲမှာထင်နေမိတယ် လူတွေသိနေကြတဲ့ မေတ္တာဆိုတာ ပြဒါးသုတ်မှန်တစ်ချပ်ပါ ပြဒါးသုတ်မှ ပြန်ပြီး ရောင်ပြန်ဟပ်မှာမဟုတ်လား
ပုဆိုးလေးတွေ ထဘီလေးတွေ ရောင်စုံနဲ့ သူတို့အဖွဲ့ မြသလွန် ကုန်းပေါ်ရောက်တော့ လူစုခွဲပြီး ဧည့်လမ်းညွှန်ရှင်းပြတဲ့ ကိုယ့်နေ့နံ ဘုရားမှာ ကိုယ်ဖူးကြတယ် တေးယွန်းလည်း သူ့နေ့နံ ကြာသပတေးထောင့် ဘုရားမှာ ဘုရားဖူးတယ် တစ်ဖနီနဲ့ ဂျက်စီကာက အင်္ဂါထောင့်မှာ ဘုရားဖူးလို့ ယွန်းနကတော့ ဗုဒ္ဓဟူးထောင့်မှာ ဘုရားဖူးနေတယ်
YOU ARE READING
ချစ်ခြင်းနံရံကိုဖောက်ခွင်းတဲ့ ရယ်သံ ☑
Fanfictionမူရင်း-ညီနောင် ဟာသ/လုံးချင်းဝတ္ထု Taengsic (Normal Ver.) ( " Soul " Fanfiction Vote 1K ပြည့် လက်ဆောင်) Started Date [Mar - 6 - 2018] Completed Date [Jun - 27 - 2018]