အပိုင်း (၄)

262 42 0
                                    

တေးယွန်းနဲ့ ဂျက်စီကာတို့ရဲ့ ရန်ပွဲဟာ ဘာရဲ့ အစလည်းတော့မသိဘူး သူတို့ နှစ်ယောက်ကတော့ ရန်ပွဲရဲ့ အစဟာရန်ပွဲပဲလို့ ထင်မှတ်ထားကြပုံရတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် မတွေ့ရ မနေနိုင် မမြင်ရ မနေနိုင်အောင် ဖြစ်လာကြတော့တယ် အဲဒီစကားကြောင့် ဘယ်နှယ်ပါလိမ့်ဆိုပြီး နားရှုပ်သွားကြပြီလား မသိဘူး

ဒီလိုလေ ပြဿနာဖြစ်အပြီး နောက်တစ်နေ့မှာ ဂျက်စီကာက တေးယွန်းတို့ရှိတဲ့ဆိုင်ကို တစ်ဖနီတို့ ယွန်းနတို့ ခြံရံပြီးသွားတယ် တေးယွန်းနဲ့ မျက်နှာချင်းဆိုင်မှာပဲထိုင်တယ် သူမ သဘောက တေးယွန်းကို သူမက ရှောင်နေလိုက်ရင် ကြောက်ရာကျမှာစိုးလို့ တေးယွန်းကို တည့်တည့်ဝင်တိုးနေတာတဲ့

တေးယွန်းကလည်း ဂျက်စီကာက သူ့ကို မထီမဲ့မြင်လုပ်နေတာ စိန်ခေါ်နေတာဆိုတာကိုသိတယ် တေးယွန်းကိုတော့ သွေးတိုးမစမ်းနဲ့ (ဂျက်စီကာက ဆရာဝန်မှ မဟုတ်တာကိုး) ဒီမိန်းမက ဘာသားနဲ့ ထုထားတာမို့လို့လဲ တေးယွန်း ရယ်စရာပြောတာကို ဘာလို့မရယ်ပဲနေနိုင်ရတာလဲ ချက်ကြောနဲ့ ရယ်ကြောကို မှားဖြတ်ခဲ့မိတဲ့ သတ္တဝါမလေးလို့လည်း မထင်ပါဘူး ဂျက်စီကာ မင်း………
ငါရယ်စရာပြောရင် မင်း ရယ်ကိုရယ်ရမယ်

တေးယွန်းကလည်း အဲ့လို ကြုံးဝါးပြီး ရယ်စရာတွေကို အာပေါင်အာရင်း သန်သန်နဲ့ပြောတယ် ဒါပေမယ့် ဂျက်စီကာက မရယ်ရေးချ မရယ် ဂျက်စီကာက မရယ်လေ တေးယွန်းက စိတ်တိုလေ ရယ်စရာတွေကို ဖိပြောလေလေ ဂျက်စီကာကတော့ ရယ်ဖို့ဝေးရော ပြုံးပင်မပြုံး ဒီတော့ တေးယွန်းကလည်း ဂျက်စီကာ ရယ်ရအောင် ပြောနိုင်ဖို့ ရယ်စရာတွေ အမျိုးမျိုးတွေး စကားလုံးတွေ အမျိုးမျိုးတီထွင် ရယ်စရာစတန့်တွေ အမျိုးမျိုးလုပ်ပြနဲ့ ရယ်ရွှင်ခြင်းကမ္မဋ္ဌာန်းကိုသာ တိုးတိုးပြီး စီးဖြန်းနေရတော့တယ် ရယ်စရာတစ်ခု စိတ်ကူးရတိုင်း ပထမဆုံး ဂျက်စီကာဆီ အပြေးလာပြီး မှတ်ကျောက်တင်ရတယ်

ဂျက်စီကာကတော့ ရယ်စရာမဖြစ် ရယ်ရွှင်ဖွယ် စံချိန်စံညွှန်းနှင့် မကိုက်ညီပါသဖြင့် ဝမ်းနည်းပါတယ်ပဲ လုပ်လိုက်တာချည်း တစ်ဖက်က ဂျက်စီကာကလည်း တေးယွန်းရှိတဲ့နေရာကို ခဏခဏသွားရတယ် ဒါမှ မရယ်ပဲမနေနိုင်လို့ ရှောင်ထွက်ပြေးတာလို့ တေးယွန်းကတွေးပြီး ဘဝင်မမြင့်နိုင်မှာကိုး ပြီးတော့ သူပြောတိုင်းမရယ်တဲ့ ဂျက်စီကာကို ကြည့်ပြီး ဒေါသဖြစ် စိတ်ပျက်နေတဲ့ တေးယွန်းရဲ့မျက်နှာကို အရသာခံပြီး ကြည့်နေချင်သေးတာကိုး

ချစ်​ခြင်းနံရံကို​ဖောက်​ခွင်းတဲ့ ရယ်​သံ ☑Onde histórias criam vida. Descubra agora