အပိုင်း (၇)

188 40 6
                                    


တေးယွန်းနဲ့ ဂျက်စီကာတို့ရဲ့ ရယ်/မရယ် ပြိုင်ပွဲမှာ အချောင် ရယ်နေရသူတွေကတော့ တစ်ဖနီနဲ့ ယွန်းန ဘာလို့လည်းဆိုတော့ တေးယွန်းက ဂျက်စီကာကို ရယ်အောင် အမျိုးမျိုးလုပ်နေတဲ့အချိန်မှာ တစ်ဖနီနဲ့ ယွန်းနတို့ နှစ်ယောက်က အနားမှာ အမြဲရှိနေတာကိုး တေးယွန်းက ဂျက်စီကာကို တစ်နေ့တစ်မျိုး မရိုးရအောင် ရှာကြံပြီး ပြောနေရတဲ့ စကားတွေကို စာအုပ်ပြုစုပြီးတော့ တစ်ထောင့်တစ်နေ့ ရယ်စရာများလို့ ခေါင်းစဉ်တပ်ရင်တောင်ရမယ်ထင်တယ် အခုလည်း တေးယွန်းက ဂျက်စီကာကို ဦးတည်ပြီးတော့ ရယ်စရာတွေ ပြောနေရပြီလေ

" ငါတို့ အဆောင်မှာ ဆိုမန်း ဆိုတဲ့ကောင် ရှိတယ်ဟ "

" ဟို……… ဘီယာသောက်သောက် ဆေးလိပ်သောက်သောက်နဲ့လူလား "

ယွန်းနရဲ့ အမေးကို တေးယွန်းက ခေါင်းညိတ်ဖြေတယ်

" အေးပေါ့ အဲဒီကောင်ပေါ့ ဘီယာသောက်/ဆေးသောက် နှစ်မှုရောက်တဲ့ ငနဲဆိုတာ အဲဒီ သတ္တဝါမျိုးပေါ့ သူက အဆောင်မှာဆို မီယန်မာက ငတက်ပြားလိုဟ "

" ဟင်……… ငတက်ပြားဆိုတာ ဘာကိုပြောတာလည်းဟင် "

တစ်ဖနီက မေးလိုက်တာ ငတက်ပြားဆိုတာတောင် မသိဘူး အဲဒီလောက်အထိ 'အ´တဲ့  ငတိမကလေးပါ

" ငတက်ပြားဆိုတာ အလီဘာဘာလို လူမျိုးပေါ့ "

အဲဒါကို ငတိမက သဘောမပေါက်သေးပါဘူး

" အလီဘာဘာဆိုတာကရော ဘာလဲဟင်

" ဒုက္ခပဲ "

" ဟာ……… နင်ကလည်း ညံ့လိုက်တာ အလီဘာဘာဆိုတာ ကုလားကြီးပေါ့ဟ "

" ဟိုက်………သေရော "

ယွန်းနက ဝင်ဖြေလိုက်မှ ပိုဆိုးတော့တယ် သူတို့ကို ရယ်စရာပြောမပြခင် တေးယွန်း ကိုယ်တိုင်ကကို အရင်ရယ်နေရပြီ ဘယ်လိုရေစက်နဲ့များ ဒီ ငတိမလေးတွေနဲ့ တစ်ကျောင်းတည်း လာဆုံနေရတယ် မသိပါဘူး

" ဟေ့……… မသေမချင်းမှတ်ထားကြ ငတက်ပြားတို့ အလီဘာဘာတို့ဆိုတာ သူခိုးတွေ "

" ဟယ်……… ဟုတ်လား အလီဘာဘာဆိုတာ အက္ကဘာဘာ ဘုရင်ကြီးရဲ့သား မှတ်နေတာ "

ချစ်​ခြင်းနံရံကို​ဖောက်​ခွင်းတဲ့ ရယ်​သံ ☑حيث تعيش القصص. اكتشف الآن