အခန်း (၁၇)

228 39 13
                                    

အချစ်တစ်ခုရဲ့ မေတ္တာလမ်းက ဖြောင့်ဖြူးရိုးထုံးစံမရှိတဲ့ ဟော……… ဂျက်စီကာတို့ အဆောင်ရှိနေတဲ့ မေတ္တာလမ်းကတော့ ဖြောင့်လိုက်တာမှ ဖြူးလို့ တေးယွန်းရဲ့ထန်းလက်ထိုင်ခုံနဲ့ စက်ဘီးကလေး မေတ္တာလမ်းထဲကို ချိုးဝင်လာခဲ့တယ်

* တွီ… တွီ… တွီ… *

စက်ဘီးလက်ကိုင်မှာ တပ်ထားတဲ့ အီလက်ထရောနစ် ဘဲလ်ကလေးကို တီးပြီး လမ်းတောင်းရတယ် လောကမှာ တောင်းတိုင်းမရတတ်တဲ့ အရာတွေထဲ လမ်းလည်းပါတယ်ထင်ရဲ့ လမ်းလျှောက်သူတွေက စက်ဘီးနဲ့ဆိုင်ကယ်တွေကို ကြည့်ရှောင်သွားလို့ သဘောထားပြီး ဥပေက္ခာပြုထားလေရဲ့အဲဒီလို လမ်းလျှောက်သူတွေ တစ်ယောက်ချင်း နှစ်ယောက်တွဲ အုပ်စုလိုက် အဖွဲ့လိုက်တွေကြားမှာ ကွေ့ကွေ့ဝိုက်ဝိုက်နဲ့………

ထန်းလက်ထိုင်ခုံ စက်ဘီး စတန့်မှာ ဘယ်စောင်း ညာစောင်း ရှေ့စိုက် နောက်လှန် ရင်ခုန်သံ ခပ်မြန်မြန်နဲ့ သည်းထိတ်ရင်ဖိုစွန့်စားခန်းထဲက တေးယွန်း ခပ်ညစ်ညစ် ကျောင်းသားတစ်သိုက်ကို ဝိုက်ရှောင်တယ် အလဲ့………

ထန်းလက်ခုံက ညာဘက်ကိုစောင်းသွားတယ် ခြေနင်းတုံးပေါ် ဘယ်ခြေဖိနင်းပြီး တင်ပါးနဲ့ ပြန်ဆွဲယူတယ် အို……… ဘယ်ဘက်ကို နည်းနည်းများသွားတယ် ဘယ်ညာတင်ပါးနှစ်ခုကြားမှာ မဇ္စျိမပဋိပဒါဖြစ်ဖို့ ဟန်ချက်ညှိရင်း ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ရတယ် အနေအထား မမှန်ခင်မှာ မြွေနဲ့ဖားဖြစ်နေရှာတဲ့ ကောင်ကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို ကြားဖောက်ပြီး ရှောင်လိုက်ရသေးတယ်

" ဟိုက် "

ချိုင့်ခွက်တစ်ခုထဲ ရှေ့ဘီးဆောင့်ကျသွားလို့ ထန်းလက်ခုံက ရှေ့စိုက်သွားရပြန်တယ် အဲဒီအချိန်မှာပဲ ရှေ့ကလာနေတဲ့ ပဲခေါက်ဆွဲဆိုင်က ဗန်းနဲ့ အော်ဒါသွားပို့နေတဲ့  အာဂျီးမားတစ်ဦးကို ရှောင်ဖို့ ပြင်ရပြန်တယ် အရှောင်အတိမ်း ဂျက်စီဂျိန်း အာဂျီးမားခမျာ ဗန်းထဲ စီကာစဉ်ကာ ဆင့်ထပ်ထားတဲ့ ပဲခေါက်ဆွဲပန်းကန် / ကင်မ်ချီပန်းကန် / ခေါက်ဆွဲအေးပန်းကန် / ဂိုဂီဂူအီပန်းကန် / ကိုးဒ်ဘီဘင်ဘတ်ပန်းကန် / ယာခီမန်ဒူပန်းကန် / ဆွန်းဒယ်ပန်းကန်တွေနဲ့ အာဂျီးမားခမျာ ဝန်စည်စလယ်များသလို တေးယွန်းမှာလည်း ဒုက္ခတွေကများတယ် ထန်းလက်ထိုင်ခုံရှင်ကို ဖင်မြဲအောင်ထိန်းရင်း ညာဘက်ဘေးက ရှောင်ဖို့ပြင်တယ်

ချစ်​ခြင်းနံရံကို​ဖောက်​ခွင်းတဲ့ ရယ်​သံ ☑حيث تعيش القصص. اكتشف الآن