အပိုင်း (၁၄)

172 34 8
                                    

ရာသီဥတုအကူးအပြောင်းမှာ ရေချိုးမှား အအေးမိပြီး ဖျားတာမို့ တော်ရုံတန်ရုံ ဆေးကလေးသောက်လိုက်တာနဲ့ သက်သာသွားပြီး နောက်တစ်နေ့မှာ ဂျက်စီကာ ကျောင်းပြန်တက်နိုင်တယ် ဂျက်စီကာ ကျောင်းပြန်တက်နိုင်လို့ ဝမ်းသာရသူက တေးယွန်း တစ်နေ့မမြင်ရတော့ မောင်တစ်လထင်ဖြစ်နေတဲ့ တေးယွန်းက ဂျက်စီကာကို မနေ့က မမြင်ခဲ့မတွေ့ခဲ့ရသမျှ ဒီနေ့ အတိုးချကြည့်နေလိုက်တာ မျက်ကြောတွေ သေသွားပြီလား မှတ်ရတယ် မျက်တောင် မခပ်တော့ဘူး ဂျက်စီကာကတော့ အရူးစိတ်ချမ်းသာ တိုင်းပြည်အေးချမ်းပါတယ်လေဆိုတဲ့ သဘောမျိုးနဲ့ တေးယွန်းအကြည့်ကို မသိကျိုးကျွန်ပြုနေလိုက်တယ် အဲဒီမှာ အရေးကြုံရင် ကတ်သီးကတ်သတ် အတွေးတွေ ထွက်ထွက်လာတတ်တဲ့ ယွန်းနက " ဟက် " ခနဲ အာမေဍိတ်သံ ပြုပြီး စားပွဲအောက်ကို ငုံ့ကြည့်တယ်

" ဟဲ့…… ဟဲ့…… ဘာဖြစ်တာလဲ "

အားလုံးရဲ့ အာရုံက ယွန်းနဆီ ရောက်သွားတော့တာပေါ့ တေးယွန်းလည်း ခေါ်တောတစ်ထောင် ဖီလင်တွေ အောက်သွားတယ်

" အဲ……… လိမ့်သွားပြီ လိမ့်သွားပြီ "

ယွန်းနပုံစံက အလန့်တကြား

" ဘာလဲ ဘာလဲဟ "

တစ်ဖနီရဲ့ အမေးကို ယွန်းန ပြန်မဖြေပဲ ဆိုင်အပြင်ဘက်ကိုထွက်လိုက်ပြီး တစ်စုံတစ်ခုကို ကုန်းကောက်လိုက်တယ် ယွန်းန ပြေးပြေးလွှားလွှားနဲ့ စားပွဲဆီပြန်လာပြီး………

" ရော့…… ရော့…… တေးယွန်း နင့် မျက်လုံးကျွတ်ကျသွားလို့ ငါလိုက်ကောက်ပေးတာ ဂရုတစိုက်ပြန်တပ်လိုက်ဦး "

" ဟား……… နင်ကတော့ ငါ့ကို ချွတ်ပြီ ဟီး…… ဟီး…… "

" ဟဲ…… ဟဲ…… "

သူတို့အားလုံးရယ်ကြပေမယ့် ဂျက်စီကာကတော့ မရယ်ပါဘူး တေးယွန်းက ဂျက်စီကာကို ဂရုတစိုက် အလေးအနက်မေးလိုက်ပါတယ်

" ဂျက်စီကာ နေကောင်းသွားပြီလား "

" ဘာ……… ဘာပြောတာလဲ ငါ့ မျက်စိအကောင်းကြီး မြင်လျက်သားနဲ့ နင် ကန်းသွားပြီလားလို့ မေးရတာလဲ "

ဂျက်စီကာရဲ့ နားကြားလွဲရန်တွေ့မှုကြောင့် တေးယွန်း စိတ်မကောင်း ဖြစ်သွားရပြန်တယ်

ချစ်​ခြင်းနံရံကို​ဖောက်​ခွင်းတဲ့ ရယ်​သံ ☑Opowieści tętniące życiem. Odkryj je teraz