Zawgyi
"ဂျင်းလေးသက်သာရဲ့လား .သား
လိုတာရှိဖေဖေ့ကိုပြော..''ဆရာဝန်ရောအိမ်တော်ထိန်းပါမကျန်
စိုးရိမ်တကြီး..ကြည့်နေကြသည့်
ကလေးတော်တော်လေးသက်သာသွားပြီမလို့သက်ပြင်းတချက်.ချကာ
ကလေးဆီမှထွက်လာတော့အနက်ရောင်အနောက်တိုင်းဝတ်စုံကို
ခပ်လျော့လျော့.ဝတ်ဆင်ထားသော
ဖေဖေသည်..အခန်းပြင်မှ..ရပ်ကာ
ရှင်းအားစောင့်မေးနေခဲ့သည်..။သူသိချင်သည့်မေးခွန်း..??
ဒီလိုအခြေအနေဖြစ်အောင်
ဖန်တီးခဲ့သော..မေမေပင်ကလေးငယ်အား
တချက်ဝင်ကြည့်သွားသော်လည်း
ဖေဖေဘာလို့တချက်တောင်..
လာ..မကြည့်ခဲ့တာလဲ??မမြင်ချင်လို့ပြောရအောင်လဲ
ဖေဖေ..ဂျင်းကိုသိပ်ချစ်ကာ
အလိုလိုက်မှန်း..ကျနော်သိသည်..။ပုခုံးပုတ်..အားပေးရုံမျှသာ
သားအရင်းဖြစ်သူ. ကျနော့်အား
ကြင်နာတတ်သူဖေဖေသည်ဂျင်းကိုတော့..အမြဲတစေပွေ့ချီရင်း
နှစ်ခြိုက်စွာပြုံးနေတတ်သည်လေ..။"ရှင်..တစ်ခုခုစားထားဦးလေ..ရှင်းရောပဲ
စားတော့မလားသား.''ဘာမှမစားဘဲစောင့်နေကြသည့်
ဖေဖေနဲ့ကျနော့်ကို
ထမင်းစားခေါ်ရန်
အနောက်မှရောက်လာသည့်မေမေအား
လှည့်ကြည့်သည့်မှိုင်းညို့သောဖေဖေမျက်ဝန်းများသည်
နာကြည်းဟန်အပြည့်ရှိသည်..။လှည့်ထွက်သွားသည့်ဖေဖေကျောပြင်ကို.
ကြည့်သည့်
မေမေ့မျက်ဝန်းတွင်တော့
ဝမ်းနည်းမှုနဲ့အတူ..ဒေါသများရှိလေသည်. ။မေမေဘာလို့အဲလောက်ထိ
လုပ်ရက်ခဲ့သလဲ??အနည်းငယ်မျှကျနော်နားလည်ခြင်းမရှိခဲ့ပါ..။
"ဘာလို့ကလေးကိုအဲလောက်ထိ
လုပ်ရက်တာလဲ..မေမေ..
လူသားမဆန်လောက်အောင်ပဲ..''"ကောင်းပြီသား
မေမေမှားသွားတယ်..''ကျနော့်ရဲ့အပြစ်တင်စကားအား
မေမေက..အသာတကြည်လက်ခံသည်..။ဒါပေမဲ့အဲလောက်ထိ..
တောင်းပန်စကားတခွန်းနဲ့ပြီးသွားမယ့်
ပေါ့ပျက်ရမယ့်ကိစ္စမဟုတ်ခဲ့တာပဲလေ..။
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)