Zawgyi
ဒီနေ့သည်..
ပျော်စရာခရစ္စမတ်နေ့ဖြစ်သည်..။လူတိုင်းသည်
...နွေးထွေးသောမီးလင်းဖိုဘေးမှာ..ထိုင်ကာစားကောင်းသောက်ဖွယ်များဖြင့်
အပေါင်းအသင်း..ဆွေမျိုးများဖြင့်
ဝမ်းသာအားရ..ရယ်မောနေကြသည်မလို့လမ်းပေါ်မှာ..သွားလာနေသည့်
လူတွေ..မရှိသလောက်..နည်းပါးနေသည်..။ဒီဇင်ဘာရဲ့အေးစက်သော..နှင်းမှုံများသည်
တိတ်ဆိတ်သော
ညလမ်းမကြီးအား..ပိုမိုအထီးကျန်စေရန်
အားဖြည့်ပေးသယောင်..။လူသူမရှိ..လမ်းမထက်
ဟောင်းနွမ်းနေသည့်အနွေးထည်
ထူထူပွပွကြီး..ဝတ်ထားသော
ကလေးလေးတယောက်သည်မီးရောင်များရှိရာ..ဆိုင်တန်းများဘက်သို့
ပြေးလွှားနေခဲ့သည်..။ဒီနေ့သည်ခရစ္စမတ်နေ့မလို့
ဆိုင်ဖွင့်သူများ..မရှိသလောက်ပင်..။ပါးလှပ်သောခြေအိတ်များ
ပေါက်ပြဲသည့်တိုင်အောင်
သူ.. မရပ်တန့်နိုင်သေးပါလေ..။သူ့အတွေးလေးထဲမှာ
အိပ်ရာပေါ်မှာလဲနေသည့်..မေမေသာရှိသည်...။တနေ့လုပ်မှတနေ့စားရသည့်
ခဲတ..တို့သားအမိအတွက်
ဆေးဝယ်စရာ..ပိုက်ဆံအပိုပင်မရှိပါ..။သို့သော်..ဆေးဆိုင်မှ..
အကြွေးယူလို့ရလိုရညား..ပြေးလာခြင်းပင်..။ပျော်ရွှင်စရာခရစ္စမတ်နေ့သည်
ထိုကလေးလေးကိုတော့..
လျစ်လျူရှုထားဟန်တူပါသည်..။သူ့အရွယ်ကလေးများ
မိသားစုနဲ့အတူ..ပျော်နေချိန်မှာ
လူမမာအမေဖြစ်သူအတွက်..လမ်းမထက်
ဆေးဖိုးရှာနေရသောကလေးလေး..။အအေးဒဏ်သည်လည်း
သနားခြင်းကင်းစွာ..ပို၍တိုးလာခဲ့သည်..။ရှားရှားပါးပါး ဖွင့်ထားသော
ဆေးဆိုင်မှ
မျက်နှာထားတင်းတင်းနဲ့
ဦးလေးကြီးအားကြောက်မိတာမှန်သော်လည်း
အားတင်းကာ..ဝင်လိုက်သည်..။"ဟေ့မင်းဘာယူမလို့လဲ..''
"ဟိုဆေး..ဆေး..အကြွေးယူလို့ရလား..''
"ဘာကွ..ထွက်သွားစမ်းမြန်မြန်..''
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)