Zawgyi
"ကိုယ်ပြန်လာတဲ့အခါ..သူဟာ
ဒီနေရာမှာ...ရှိနေပါဦးမလား??''ဘာကိုရည်ရွယ်၍..ချရေးမိမှန်းမသိတဲ့
သီချင်းစာသားတချို့ကို..မင်ပြာဖြင့်ရေးခြစ်မိသည်..။သီချင်းဆိုရသည်ထက်
ရေးရတာဝါသနာပါသော..ကျနော်သည်
တေးရေးဆရာဖြစ်ချင်သည်..။ရေရေရာရာ..မရှိတဲ့အနာဂတ်မှာ
စိတ်ရောကိုယ်ပါ..ရူးသွပ်မိတဲ့..
တစ်ခုသောဝါသနာသည်
သံစဉ်များကို.. ဖန်တီးကာ
အသက်သွင်းခြင်းဖြစ်ခဲ့သည်..။သေးနုပ်တဲ့အိပ်မက်ငယ်..ကို
ချပြမိတဲ့အခါ
ကြီးမြတ်သောကိုကို သည်..နားလည်ပေးမလား?
ဒါမှမဟုတ်..ခါးခါးသီးသီးငြင်းဆန်မလား?
ကျနော်သိပ်တော့လဲမတွေးတတ်ပါ..။ရေးချမိထားတဲ့..Noteစာသားတွေကို
စာအုပ်ထူထူတစ်အုပ်ထဲ
ညှပ်ထည့်လိုက်ရင်း
နံရံပေါ်က..နာရီကိုတချက်ကြည့်မိတော့
ညဆယ်နာရီလေးဆယ်..။ကျနော်မျက်လုံးစူးမှာစိုး၍
စာဖတ်ခန်းမှာပဲ...အလုပ်လုပ်တတ်သော
ကိုကို..မအိပ်သေးဘူးများလား??စားပွဲပေါ်..ခေါင်းခဏချလိုက်ရင်း
မျက်လုံးများကိုမှိတ်ထားလိုက်သည်..။ကိုကိုမရှိဘဲကျနော်မအိပ်တတ်တာ
ကိုကို..မေ့နေတာတော့မဟုတ်ပါဘူးနော်..။ညဆယ့်နှစ်နာရီ
မီးအလင်းသဲ့သဲ့ဖြာကျနေသော
စာဖတ်ခန်းငယ်လေးထဲချောင်းကြည့်မိသည်..၊ဖိုင်တွဲတထပ်ကြီးကြားထဲ
ကိုကိုသည် ..ခေါင်းစိုက်ကာ
ဘာတွေရေးနေလဲမသိ..။Laptopကိုလဲဖွင့်ထားကာ
တချက်တချက်ထထနှိပ်သေးသည်..။ဟောဒီကသိပ်ချစ်ဖို့ကောင်းတဲ့
အာကီယာမာဂျင်းလေးကိုပါ..ပစ်ထားရတဲ့အထိ.
သိပ်ဇွဲကြီးနေသည်ထင်ပါ့. ။အနည်းငယ်ကြည့်ရဆိုးသော
စာဖတ်..မျက်မှန်ဝိုင်းကြီးသည်
ကိုကို့ကိုတော့..သက်ရောက်မှုရှိပုံမပေါ်..။ချောမောဆဲမျက်နှာဟာ..
အနည်းငယ်...နွမ်းနေသည်ကိုတော့
စိတ်မကောင်းဖြစ်ရလေသည်..။ဘယ်လောက်တောင်ပင်ပန်းလို့်ပါလိမ့်!!
ဒီအလုပ်သရဲကို...
အနားယူခိုင်းမှကိုဖြစ်မှာပါလေ..။
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)