"မနေ့က..ငါ့သားရှင်း..စာမေးပွဲမကျစဖူးကျခဲ့တယိ
စာတမ်းအချိန်မှီမတင်နိုင်ခဲ့လို့တဲ့..hak..
အခြေအမြစ်မရှိ..သွားချင်ရာသွားနေတဲ့သူကို
လိုက်ရှာနေခဲ့သတဲ့လေ..''သခင်မကြီးသည်
နှုတ်ခမ်းနှစ်လွှာကို..တွန့်ကာ
ပြုံးရင်း..ပြောနေသော်လည်းသေလောက်အောင်..ဒေါသထွက်နေပြီဆိုတာ
ဂျင်းသိပါသည်..။သူမကျနော့်ကိုဘယ်လောက်ထိမုန်းလဲ
တိုင်းတာ၍..ရနိုင်ပုံတောင်မပေါ်ခဲ့ပါ..။ဖြူသွယ်နေသည့်လက်နုနုလေးနှစ်ဖတ်ကိုသာ
အားကိုးရာလိုတင်းတင်းကျပ်ကျပ်
နီရဲသည်အထိ..ဆုပ်ထားမိသည်..။"မင်းကြောင့်..ဖြေရှင်းရမဲ့ကိစ္စကိုလည်းမဖြေရှင်း
သတ်ရမဲ့သူတွေကိုလည်းမသတ်
မင်းမုန်းမှာစိုးသတဲ့..။
ရှင်းရှင်းပြောရရင်..
မင်းကိုရိုက်ခဲ့တဲ့လွန်ခဲ့တဲ့ဆယ်နှစ်က..ကိစ္စအတွက်
ငါ့သားက..ခုထိသူ့အမေလိုမသတ်မှတ်တော့ဘူး..''ဂျင်းခေါင်းလေးသာငုံ့နေခဲ့သည်..။
သူ..သခင်မကြီးကို..သိပ်ကြောက်သည်လေ..။"အဲဒါတွေထားပါ
အခုမင်းတို့နှစ်ယောက်လုံးကြီးလာကြပြီ
ဒီလောက်ထိမင်းမှမင်းဖြစ်နေတဲ့..သားက
ယောကျာ်းလို့မထင်ရတဲ့အထိ
စိတ်ပျက်စရာကောင်းတဲ့မင်းကို..''"ဟင့်အင်း..မဟုတ်ဘူး
ကိုကိုကကျနော့်ကိုအဲလိုမဟုတ်ပါဘူး!!''ဂျင်း..ကပြာကယာခေါင်းလေး
ခါယမ်းမိသည်..။ကျနော့်ဘက်ကတစ်ခုခုဖြစ်နေခဲ့သည်ဆိုရင်တောင်
ကိုကိုက..ဖြူဖြူစင်စင်လေး ပဲ
တွေးခဲ့တာမဟုတ်လား??ဒါပေမဲ့
ညီအဖြစ်..ခါးခါးသီးသီးငြင်းဆန်နေဆဲ
ကိုကို့ပုံရိပ်တချို့ဟာ
အတွေးနဲ့အတူ..လူက..ဘာပြန်ပြောရမှန်းမသိတော့..။"တစ်နေ့ဖြစ်မလာနိုင်ဘူးအာမခံနိုင်လို့လား
သတိပေးရမယ်ဆိုရင်
ငါ့သားကိုမင်းလိုလူမျိုးလက်ထဲမထည့်ပေးနိုင်ဘူး
အာကီယာမာဂျင်း
အဲလိုဖြစ်လာခဲ့ရင်..စိတ်မပူနဲ့
့မင်းကိုလက်ဖျားနဲ့တောင်မထိပါဘူး
ငါကတာဝန်ယူတတ်တဲ့အမေတစ်ယောက်မလို့
ငါ့သားကို..ပဲငါဆုံးမမှာပါ..မင်းမြင်ဖူးချင်လား
..ကိုယ်မွေးတဲ့သားကိုအမေကသတ်တယ်ဆိုတဲ့
အဖြစ်မျိုး..''
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)