Part.10

7K 1.1K 204
                                    

Zawgyi

"အင့်..ကိုကို..''

"ကိုယ်ရှိတယ်ကလေးး
ဘာလို.သေးလဲ..နာသေးလား''

ရေပန်းအောက်မှာ
နှစ်နာရီကျော်..လှဲနေခဲ့ခြင်းကြောင့်
အအေးပတ်ကာ..ဖျားတော့သည်..။

ဆေးထိုးမယ်ပြင်တော့

မျက်ရည်တွေပြည့်နေသော...
မျက်ဝန်းကြည်ကြည်လေးများက
ကျောက်သလင်းလေးတွေ..သဖွယ်
တဖိတ်ဖိတ်လက်နေသည်..။

သူ့ကိုကိုနာမည်ခေါ်ရင်း
ခွေးပေါက်လေးလို..တအီအီငြီးပြနေတော့..

အစိုးရိမ်ကြီးနေသည့်သူ့ကိုကိုက
ထိုင်မရထမရ..။
ဆေးထိုးအပ်ကိုလူသာဆို..ဆွဲပင်ထိုးမည့်ပုံ..။

"မနာအောင်ဆေးထိုးလို့မရဘူးလား
အဲအပ်က''

အဲအပ်မပေါ်သေးပါကြောင်း
စိတ်ပေါက်ပေါက်နဲ့..ပြန်ပြောဖို့ပြင်သော်လည်း
မျက်လုံး စိမ်းကြီးများနဲ့ကြည့်နေတာကြောင့်
ဆရာဝန်..ဒီဘက်ပြန်လှည့်ရသည်..။

အဖြစ်ကိုသည်းလွန်းတယ်.။

ဆရာဝန် ပြန်သွားသည်နှင့်
လက်ဖြူဖြူလေးကို..မနာအောင်
ဖိကာကြိတ်ပေးမိသည်..။

လှဲအိပ်နေသော မျက်နှာလှလှလေးပေါ်
ငွေဖြူရောင်ဆံနွယ်လေးများ
ဖြာကျနေတာကြောင့်

ကြိုးတစ်ခုယူရင်းဆံပင်လေးတွေကိုအသာ
စည်းပေးနေလိုက်တော့
အလိုက်တသင့်..ခေါင်းလေးကို
ဟိုဘက်.လှည့်ပေးထားသည်..။

"အင့်..''

ဘေးတစောင်းကြီး အိပ်နေရင်းမှ
ငိုသံတိုးတိုးလေးကြောင့်
ရှင်း..စိုးရိမ်စိတ် ကအလိုလိုဆွဲလှည့်ပြီးသား...

"ဘာဖြစ်လို့လဲ ဂျင်းလေး
ဆေးထိုးတာနာလို့လားးဟုတ်လားး''

ခေါင်းကိုအတွင်တွင်ခါရမ်းရင်း
ရှင်းရင်ခွင်ထဲ..ကြောင်ဖြူလေးလို
တိုးကာဝင်လာတာကြောင့်
အလိုက်သင့်ပြန်လည်ပွေ့ထားမိသည်..။

"ဂျင်း..ဂျင်းဒီထက်ပိုပြီး..ဟင့်
မ..မလုပ်နိုင်တော့ဟင့်..''

ငိုရင်းပြောနေသော
ဗလုံးဗထွေးအသံတွေကိုတစွန်းတစကြားရသော်လည်း..သိပ်တော့နားမလည်..။

မာယာသီချင်းသည် (Sakura Dancing in the Rain)Where stories live. Discover now