Zawgyi ☆
"Minhoရေ... သား Appa က ခဏဆင်းခဲ့ပါဦးတဲ့..."
"ဟုတ်ကဲ့... လာခဲ့မယ် Arjuma..."
Minho ကျောင်းကပြန်ရောက်ပြီး အင်္ကျီလဲဖို့ အခန်းထဲဝင်ခါစမို့ လဲမနေတော့ပဲ အောက်ထပ်သို့သာ ပြန်ဆင်းခဲ့ရတော့သည်။
"Appaကလည်း သားခုမှအင်္ကျီလဲမလို့ လုပ်နေ..."
Minho အလိုမကျတဲ့မျက်နှာဖြင့် ဆင်းလာရင်း Appa ဘေးနားမှာမှာထိုင်နေသော ကောင်လေးကြောင့် ပြောနေသောစကားတို့ ရပ်တန့်ကုန်သည်။
"သား လှေကားပေါ်မှာ ဘာရပ်လုပ်နေတာလဲ လာလေ Appa သားကိုပြောစရာရှိတယ်..."
"ဟုတ်ကဲ့ Appa"
Appaခေါ်တာမို့ appaနဲ့မျက်နှာခြင်းဆိုင်မှာ Minhoဝင်ထိုင်လိုက်တော့ Appa ဘေးကကောင်လေး သူ့ကိုလှမ်းကြည့်လာသည်။
မြင်ဖူးတယ်... Appa ဘေးမှာထိုင်နေတဲ့ ကောင်လေးကို Minho မြင်ဖူးသလိုလိုရှိပေမယ့် စဉ်းစားမရ။
"သား... Onew ကိုကြည့်နေတာကြာပြီ မမှတ်မိဘူးလား"
Minho စဉ်းစားနေရင်းမှ Appa ပြောလိုက်တဲ့ Onew....။ ထိုနာမည်ကို သုံးလေးခေါက် ခပ်တိုးတိုးကြည့်ပြီးနောက် Minho ခေါင်းထဲဝင်လာသော နာမည်တစ်ခု...။
"Jin.. Ki.. hyung??.....Jinki hyung မဟုတ်လား.."
"....."
Minhoရဲ့ မေးခွန်းကို ခပ်နွမ်းနွမ်းအပြုံးတို့ဖြင့် ခေါင်းငြိမ့်ပြတဲ့ hyung။ငယ်ငယ်ကလိုပဲ အပြုံးတို့က ဖြူစင်နေဆဲ။
"Minho ဒီနေ့ကစပြီး သားရဲ့ hyungက Appa တို့နဲ့အတူနေတော့မှာ... Arjumaရေ ခဏလာပါဦး..."
"ဟုတ်ကဲ့ သူဌေး ဘာများခိုင်းစရာရှိလို့လဲ..."
"မိတ်ဆက်ပေးစရာရှိလို့ ဒီကလေးက ဒီနေ့ကစပြီး ဒီအိမ်ရဲ့မိသားစုဝင်ပဲ ဆိုတာ မှတ်ထားပေးပါ..."
"ဟုတ်ကဲ့ သူဌေး..."
"Onew သားလည်း ခရီးပမ်းလာတယ်မလား သွားနားလိုက်တော့... Arjuma ကလေးကို Minho အခန်းဆီကို လိုက်ပို့ပေးလိုက်ပါ... Minho သားကတော့ ခဏနေခဲ့အုံး"
"ဟုတ်ကဲ့ Arjushii..."
"Nae appa..."
Appaကို Minhoခေါင်းသာငြိမ့်ပြလိုက်သည်။
YOU ARE READING
My Precious Lover [Zawgyi/Unicode]
Fanfictionအားလုံးကို နာကျင်စေခဲ့သူက နောက်ဆုံးတော့ ကိုယ်ဖြစ်နေခဲ့တာပါလား.... #Minho ဖြစ်သမျှအားလုံးကို နားလည်ပေးနိုင်လို့ ဒီထက်ပိုပြီး နာကျင်အောင်မလုပ်ပါနဲ့.... #Onew သူငယ်ချင်းဆိုတာထက် ပိုတဲ့သံယောဇဉ်ကို သူမသိလဲဖြစ်တယ်.... #Key ကေလးေ...