Zawgyi ☆
Onew hyungပြောတဲ့ **Key accident နဲနဲဖြစ်လို့** ဆိုတဲ့စကားကိုကြားပြီး... Jonghyun တစ်ယောက် အဖွားကိုတောင် မပြောနိုင်ပဲ Minhoအိမ်ရှိရာသို့ပြေးလာခဲ့သည်မှာ ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်....
ခြံတံခါးဖွင့်ကာ ဝင်လိုက်တော့ တစ်ခြံလုံးအပြင် တစ်အိမ်လုံးပါ မှောင်မဲလျက်ရှိနေတာမို့ Jonghyun ကလေးအတွက် ပိုပြီးစိတ်ပူလာမိသည်...။
"Key... ကလေး... Onew hyung... Minho..."
Jonghyunရှိသမျှလူနာမည်တွေ အကုန်ခေါ်မိပေမယ့် တုန့်ပြန်သံမကြားရ... ပြီးမှ ရုတ်တရက် ပေါ်လာသောမီးရောင် ခပ်မှိန်မှိန်... တဖြည်းဖြည်းပြီပြင်လာတော့... ကိတ်မုန့်ငယ်တစ်ခုကိုကိုင်ထားသော သူ့ရဲ့ ကလေးနဲ့အတူ ဘေးနားမှာ Onew hyung တို့တွေ...
"Happy Birthday.... Jonghyunee"
"Happy Birthday... Jonghyun Oppa.."
"Happy Birthday... Jonghyun hyung....."
Jonghyun ဘာပြောရမှန်းမသိရလောက်အောင် မှင်သက်နေမိသည်....
ဝမ်းသာခြင်းတို့ကြောင့်လည်း မျက်ရည်တို့ဝဲလာသည်...
"hyung မြန်မြန်မှုတ်လေဗျာ... ဖယောင်းတိုင်လည်း ပျော်ကျနေပြီ... ကိုင်ထားတဲ့လက်လည်း ညောင်းလာပြီ..."
"သြော်... အင်း... အင်း...."
ဖယောင်းတိုင်တို့ကို... မှုတ်လိုက်ပြီးနောက်မှာ... Minhoရဲ့ လျင်မြန်သောလက်တို့နဲ့တူ ခရင်မ်တို့က Jonghyun၏ မျက်နှာပေါ်သို့ ကျရောက်လာ၏။
"yarr!!!!... Minho ငါကိုယ်တိုင် ပင်ပန်းခံပြီး ဖုတ်ထားတာ စားတောင်မစားရသေးဘူး... မင်းတော့သေတော့မယ်...."
Jonghyunနားကြားများမှားသလား... ကလေးကိုယ်တိုင် လုပ်ထားတာတဲ့လေ....
"ကလေး... ကိုယ်တိုင်လုပ်ထားတာလား...."
"ဟုတ်တယ်... hyungရေ... ဒီနေ့ပွဲတစ်ခုလုံးက ဒီကောင်လုပ်ပေးတာ..."
ခုနကကိတ်မုန့်ကိုပျက်အောင်လုပ်ရမလားဆိုပြီး Minhoကို လိုက်ရိုက်နေသော ကလေးကြောင့် Minhoကခြံထဲမှာပတ်ပြေးရင်း လှမ်းဖြေလေသည်...
"အားလုံးပဲ SoMin ဗိုက်ဆာနေပြီ... ဟိုနှစ်ကောင် မကြီးမငယ်နဲ့ဆော့မနေနဲ့တော့ စားကြတော့မယ် လာခဲ့..."
ŞİMDİ OKUDUĞUN
My Precious Lover [Zawgyi/Unicode]
Hayran Kurguအားလုံးကို နာကျင်စေခဲ့သူက နောက်ဆုံးတော့ ကိုယ်ဖြစ်နေခဲ့တာပါလား.... #Minho ဖြစ်သမျှအားလုံးကို နားလည်ပေးနိုင်လို့ ဒီထက်ပိုပြီး နာကျင်အောင်မလုပ်ပါနဲ့.... #Onew သူငယ်ချင်းဆိုတာထက် ပိုတဲ့သံယောဇဉ်ကို သူမသိလဲဖြစ်တယ်.... #Key ကေလးေ...