Zawgyi ☆
ဒီနေ့က Onew hyungနဲ့ SoMin Noonaရဲ့ လက်ထပ်ပွဲ... Onew hyung ကျောင်းပြီးတာနဲ့ ချက်ချင်းလုပ်လိုက်တဲ့ ဒီလက်ထပ်ပွဲကြောင့် Keyအံ့သြနေမိသည်... Minhoကို ချစ်ပါတယ်ဆိုတဲ့ Onew hyungကလည်း ဘာကြောင့် လက်ခံခဲ့ရတာလည်း...
Minhoကတော့ Keyတို့နဲ့ Barမှာ ပြဿနာတက်ပြီးထဲက မတွေ့ဖြစ်တော့တာ... Minho ဘယ်ထွက်သွားလဲဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး... ခုပွဲတောင် Onew hyungနဲ့ Somin Noonaက သေချာလာခဲ့ပါဆိုပြီးဖိတ်လို့ တက်ဖြစ်တာ...
Somin Noonaကတော့ ပြုံးရယ်နေပေမယ့်... Onew hyung မျက်နှာထက်မှာတော့ ဟန်ဆောင် အပြုံးတို့ကိုသာမြင်တွေ့နေရသည်...
Onew Hyungလည်း ဘယ်လောက် ခံစားခဲ့ရမလဲ... နာကျင်ခဲ့ရမလဲ...
"ကလေး... ဘာတွေ တွေးနေတာလဲ..."
ဘေးနားမှာထိုင်နေတဲ့ Jonghyun hyungက Keyလက်တို့ကို ဆုပ်ကိုင်ရင်းမေးလာသည်... Jonghyun hyung အချစ်ကို လက်မခံရသေး ပေမယ့်လည်း... Keyတို့ နှစ်ယောက်က သာမန်သူငယ်ချင်းထက်လည်းမက ချစ်သူတွေလည်း မဖြစ်ကြသေးတဲ့ အခြေအနေပါလေ...
"Onew hyungကို သနားလို့ပါ... Minho ဘာလို့ အဲ့လိုလုပ်သွားလည်း နားမလည်နိုင်သေးဘူး..."
"Minhoမှာလည်း အကြောင်းရှိနေလို့ဖြစ်မှာပါ ကလေးရယ်... လာ Onew hyungတို့ကို သွားနှုတ်ဆက်ရအောင်..."
Jonghyun hyungဆွဲခေါ်ရာ နောက်ကို Keyပါသွားသည်... Keyတို့ Onew hyungကို နှုတ်ဆက်မည် အလုပ်...
ဘေးနားမှာလာရပ်သော... မိန်းကလေးတစ်ယောက်... Key သေချာ ကြည့်လိုက်မိတော့....
"မင်း... မင်း... ဘာလာလုပ်တာလည်း..."
"ကျွန်မနာမည် Naraပါ... Naraကို သိမယ်ထင်ပါတယ်..."
သူ့ကိုယ်သူမိတ်ဆက်ရင်း ပြောနေတဲ့ သူမကို Key သိပ် မှတ်မိတာပေါ့... hyungတို့လည်း မှတ်မိနေပုံပင်... မသိတာက Somin Noonaတစ်ယောက်သာရှိ လိမ့်မယ်...
"အဟက် သိပ်မှတ်မိတာပေါ့... ဒီကို မင်းလာစရာ မလိုဘူးလို့ ငါထင်တယ်..."
"Nara ပြောပြစရာလေးတွေ ရှိလို့ပါ... ခဏလောက်နားထောင် ပေးနိုင်ကြမလား... ဒီက အမရောပဲ..."
"Nara shi ခုတော့ ပွဲချိန်ဖြစ်နေတော့ Nara shiပြောချင်တာတွေ ကျွန်တော်တို့ နားထာင်ဖို့ အဆင်မပြေနိုင်ဘူး... ဒီလိုလုပ်ပါလား ပွဲပြီးသွားရင် နားထောင်ပေးမယ်လေ... ရတယ်မလား..."
BẠN ĐANG ĐỌC
My Precious Lover [Zawgyi/Unicode]
Fanfictionအားလုံးကို နာကျင်စေခဲ့သူက နောက်ဆုံးတော့ ကိုယ်ဖြစ်နေခဲ့တာပါလား.... #Minho ဖြစ်သမျှအားလုံးကို နားလည်ပေးနိုင်လို့ ဒီထက်ပိုပြီး နာကျင်အောင်မလုပ်ပါနဲ့.... #Onew သူငယ်ချင်းဆိုတာထက် ပိုတဲ့သံယောဇဉ်ကို သူမသိလဲဖြစ်တယ်.... #Key ကေလးေ...