Zawgyi ☆
"Hyungတို့ကြည့် ကြည့်... ဟိုမှာ Minhoကို တွေ့လား..."
ပွဲ့ကြည့်စင်ပေါ်ကနေ ကွင်းထဲက Minho ရှိရာကို လက်ညှိုးထိုးပြနေတဲ့ ကလေးကြောင့် ကလေးကိုငေးနေမိတဲ့ Jonghyun အကြည့်တို့ကို Minhoရှိတဲ့ ကွင်းထဲသို့ ပို့လိုက်သည်...။
"ဘယ်လိုလဲ Minho မိုက်တယ်မလား.... "
ကလေးပြောလည်း ပြောချင်စရာ ဘောလုံးဝတ်စုံနဲ့ Minhoက အတော်ကြည့်ကောင်းနေတာတော့ အမှန်... သဘောကျနေသော ကလေးကြောင့် ကိုယ်တိုင်တောင် ချက်ချင်းဘောလုံးဝင်ကန်ချင်စိတ်ပေါက်မိတယ်....
Minhoရဲ့ Fangirlလေးတွေနဲ့ အပြိုင် ကလေးက Choi Minho ဆိုတဲ့ banner ကိုင်လို့ အော်နေလေရဲ့....
အားကြိုးမာန်တက် ကလေးရဲ့အားပေးမှုကြောင့်ထင်ပါရဲ့ Minhoတို့အသင်းနိုင်ခဲ့သည်လေ။
ညဖက်မှာတော့ ကလေးရဲ့ ဦးဆောင်မှုဖြင့် Minhoအတွက် ဂုဏ်ပြု party အသေးလေးလုပ်ဖြစ်ကြသည်...။
ကြာလာလေ Minhoအပေါ်ထားတဲ့ ကလေးရဲ့စိတ်တွေကို Jonghyunမြင်လာရလေ ကလေးကို သူပိုင်ဆိုင်ရဖို့ထက် ကလေးကိုပိုစိတ်ချမ်းသာစေချင်လာတယ်....။
"Key ကိုယ်တို့ ဟိုပန်းခြံလေးထဲ ခဏဝင်ရအောင်..."
Minhoတို့အိမ်က အပြန် သိပ်လည်းမမှောင်သေးတာရယ် အိမ်ကလည်းတစ်လမ်းကျော်လေးတင်မို့ Jonghyun တောင်းဆိုမိသည်...
"အင်း သွားလေ...."
ကလေးငြင်းမယ်လို့ ထင်ထားမိတာ....
"ထိုင်လေ Key...."
Jonghyun ဒန်းလေးပေါ်ဝင်ထိုင်ရင်း... ဘေးနားက လွတ်နေတဲ့ ဒန်းလေးကို မေးငေါ့ပြကာပြောတော့ ခေါင်းငြိမ့်ကာ ဝင်ထိုင်လိုက်တဲ့ကလေး... ဂျင်းဘောင်းဘီအတို ခေါင်းစွပ်အင်္ကျီအဖြူလေးနဲ့ ကလေးက တကယ့်ကို ဖြူစင်သော ကလေးပေါက်စလေးနှယ် ချစ်စရာကောင်းလွန်းလှသည်...။
YOU ARE READING
My Precious Lover [Zawgyi/Unicode]
Fanfictionအားလုံးကို နာကျင်စေခဲ့သူက နောက်ဆုံးတော့ ကိုယ်ဖြစ်နေခဲ့တာပါလား.... #Minho ဖြစ်သမျှအားလုံးကို နားလည်ပေးနိုင်လို့ ဒီထက်ပိုပြီး နာကျင်အောင်မလုပ်ပါနဲ့.... #Onew သူငယ်ချင်းဆိုတာထက် ပိုတဲ့သံယောဇဉ်ကို သူမသိလဲဖြစ်တယ်.... #Key ကေလးေ...