Zawgyi ☆
"ငါတောင်းပန်ပါတယ်နော် Minho... ငါကြောင့်စိတ်ညစ်သွားရပြီလား..."
သူငယ်ချင်းဖြစ်သူကို မျက်ရည်တွေဝဲကာတောင်းပန်နေသော ကလေးကြောင့် Jonghyun လည်းနာကျင်ရသည်... သူ စ,မိလို့ အဲ့လို့ဖြစ်ရတာမလား....
"ကလေး ကိုယ်တောင်းပန်တယ်နော်... ကိုယ့်ကြောင့် ကလေး...."
"ခင်ဗျား ပါးစပ်ပိတ်ထားလိုက်!!!.... ခင်ဗျား အသံမကြားချင်ဘူး!!!... ဟုတ်တယ် ခင်ဗျားကြောင့်... ကျွန်တော့်ကိုတခါမှမအော်ဖူးတဲ့... Minho အော်တာခံရတာ..."
Jonghyun hyungကိုအော်ကာ ငိုပြီးပြေးထွက်သွားသော Keyကြောင့် Minhoတို့သုံးယောက် ရုတ်တရက်မို့ ဘာလုပ်ကြရမလဲမသိ.....
"ဟာ... Key!!!... hyungတို့ ခဏနေအုံးနော်...."
ပြီးမှ အသိဝင်ကာ Hyungတို့နှစ်ယောက်ကို ထားခဲ့ပြီး Key အနောက်သို့ Minho ပြေးလိုက်သွားမိသည်...။
ပြေးထွက်သွားတဲ့ကောင်လေး နှစ်ယောက်ကိုကြည့်ကာ ကျန်ခဲ့တဲ့ကောင်လေးနှစ်ယောက်ရဲ့ ရင်ထဲမှာတော့ နာကျင်မှုတွေအပြည့်.... ဘာမှ မဟုတ်တဲ့ စနောက်မှုလေးတစ်ခုကနေ ဖြစ်သွားတဲ့ပြဿနာက ကြီးမားသွားခဲ့တာလေ....
"နာကျင်ရတယ်...ချစ်သူရဲ့မျက်ရည်တွေကြောင့်"
"နာကျင်ရတယ်... ချစ်ရသူမှာကိုယ့်ကိုထားသွားရလောက်အောင်ဂရုစိုက်ရမဲ့သူရှိနေတာ"
••••••••••••••••••••••••••••••••
"Key.... yarr Kim Ki Bum... ခဏစောင့်အုံးလေကွာ.... ငါ့ကို အမောစို့ပြီးသေစေချင်နေတာလား..."
Keyနောက်ကို ပြေးလိုက်ရင်း trainingလည်းလုပ်ထားရသေးတာမို့ မောလာသဖြင့် Minho Keyကို အော်ပြောကာ မြေကြီးပေါ်မှာပင်ထိုင်ချလိုက်သည်...။ ပြန်လှည့်ကြည့်လာသော Keyက Minhoအနားအပြေးအလွှားရောက်လာသည်....။
"အရူး... မင်း ရူးနေတာလား Minho... နောက်ထပ် လေ့ကျင့်စရာတွေရှိနေတာကို ဘာလို့ အမောခံပြီးလိုက်လာတာလဲ... ပင်ပန်းမှာပေါ့..."
Minhoအရှေ့မှာထိုင်ရင်း ငိုကာ Minho အတွက်အရင်စိတ်ပူပေးတဲ့ သူငယ်ချင်းလေး....
"မင်းက ငိုပြီးထွက်ပြေးသွားတာကို... ငါကစိတ်ပူလို့ လိုက်လာတာပေါ့..."
YOU ARE READING
My Precious Lover [Zawgyi/Unicode]
Fanfictionအားလုံးကို နာကျင်စေခဲ့သူက နောက်ဆုံးတော့ ကိုယ်ဖြစ်နေခဲ့တာပါလား.... #Minho ဖြစ်သမျှအားလုံးကို နားလည်ပေးနိုင်လို့ ဒီထက်ပိုပြီး နာကျင်အောင်မလုပ်ပါနဲ့.... #Onew သူငယ်ချင်းဆိုတာထက် ပိုတဲ့သံယောဇဉ်ကို သူမသိလဲဖြစ်တယ်.... #Key ကေလးေ...