Zawgyi ☆
"နောက်ကျနေပြီ... ကျွန်တော်တို့ပြန်ကြရအောင်... အဖွားတစ်ယောက်တည်းလေ..."
သီချင်းပိတ်ပြီးတော့ ပထမဆုံးပြောလာတဲ့ ကလေးရဲ့ စကားသံ...
"ကိုယ်ပြောစရာရှိတယ် ကလေးကို..."
Jonghyun ကလေးထိုင်နေတဲ့ဘက်ကို သေချာလှည့်ကြည့်ပြီး ပြောလိုက်ပေမဲ့ ကားရှေ့တည့်တည့်ကို ကြည့်နေတဲ့ ကလေးကတော့ သူ့ဘက်ကိုလှည့်မလာခဲ့....
"ကျွန်တော် နားမထောင်ချင်ဘူး..."
သူဘာပြောမယ်ဆိုတာ ကလေးသိနေတာလား...
"ကိုယ်ကပြောချင်နေတယ်လေ... နားထောင်ပေးသင့်တာပေါ့... ကိုယ်ကလေးကို ချစ်တယ် စတွေ့တဲ့နေ့ထဲကပဲ...."
"ခင်ဗျား ကျွန်တော့်ကို မချစ်ခဲ့သင့်ဘူး... တစ်ယောက်တည်းကို အချိန် အကြာကြီး ချစ်ခဲ့တဲ့ ကျွန်တော့် နှလုံးသားက လွယ်လွယ်နဲ့ မပြောင်းလဲနိုင်ဘူးလေ..."
တစ်လုံးချင်းစီ သေချာအောင်ပြောနေတဲ့ ကလေးရဲ့ အကြည့်တို့ကတော့ Jonghyunဆီကို ရောက်မလာပါ...
"ကိုယ်သိပါတယ်... ကလေးကိုပြန်ချစ်ပေးဖို့ မတောင်းဆိုဘူး... ကိုယ်ချစ်တာ ကလေးသိရင် ရပြီ... ကိုယ်ဖွင့်ပြောလို့ ကိုယ့်ကိုတော့ မရှောင်ပါဘူးနော်..."
နောက်ဆုံးစကားလုံးတို့ကို Jonghyun တမင်ရယ်သံစွက်ကာပြောမိတော့ ရှေ့ကိုငေးနေတဲ့ ကလေးက သူ့ဘက်လှည့်ကြည့်လာသည်....
"ကျွန်တော်ကတော့ မရှောင်ပါဘူး... ပြီးတော့ ကျွန်တော့်နှလုံးသား ပြောင်းလဲလာချိန်ကြရင် hyung ကို ဦးစားပေး စဉ်းစားပေးပါ့မယ်....."
ဒီစကားကြာရတာနဲ့တင် ဝမ်းသာလှပါပြီ... ကိုယ်စောင့်နိုင်ပါတယ်... အချိန်တွေ ဘယ်လောက်ဖြစ်ဖြစ်ပေါ့....
"ပြန်ကြမယ်နော်... ကလေး..."
"အင်း...."
အပြန်လမ်းကတော့ ညဥ့်ပိုနက်လာလို့လားတော့မသိ... ပိုပြီးတိတ်ဆိတ်နေသယောင်... ဘေးနားက ကလေးကလည်း တစ်လမ်းလုံး အပြင်ကိုသာငေးကာ လိုက်ပါလာလေရဲ့...။
****************
"Key မနေ့က ဘာတွေဖြစ်ခဲ့လည်း..."
ဒီတစ်ခါ အတန်းရှေ့လာပြီးလာခေါ်တာက Minho... မနေ့က ကိစ္စမေးစရာရှိတယ်လိုက်ခဲ့ဆိုပြီး...
YOU ARE READING
My Precious Lover [Zawgyi/Unicode]
Fanfictionအားလုံးကို နာကျင်စေခဲ့သူက နောက်ဆုံးတော့ ကိုယ်ဖြစ်နေခဲ့တာပါလား.... #Minho ဖြစ်သမျှအားလုံးကို နားလည်ပေးနိုင်လို့ ဒီထက်ပိုပြီး နာကျင်အောင်မလုပ်ပါနဲ့.... #Onew သူငယ်ချင်းဆိုတာထက် ပိုတဲ့သံယောဇဉ်ကို သူမသိလဲဖြစ်တယ်.... #Key ကေလးေ...