EP.22

91 17 1
                                    

Zawgyi ☆

Minho hyungကိုတက်နိုင်သမျှမတွေ့အောင် ရှောင်ပြီးနေလာခဲ့တာ အခုတစ်ပတ်ကျော်လာခဲ့ပြီ... တစ်အိမ်တည်း အတူနေပြီး မဆုံအောင်နေရတာ မလွယ်ပေမဲ့လည်းပေါ့...

hyungကတော့ စကားလာပြောချိန်တိုင်း... hyungကို အော်လွှတ်မိတဲ့ အကြိမ်ရေတွေလည်း မရေတွက်နိုင်တော့​ပေ... အဲ့လိုပြောမိတိုင်း Minho ရင်တွေ စုတ်ပြတ်သွားမတက် နာကျင်နေတယ်ဆိုတာကိုတော့ hyungမှမသိပဲ...

ဒီရက်ပိုင်း Minho ကျောင်းပြောင်းဖို့ကိစ္စတွေစီစဉ်နေခဲ့တာလည်း အကုန်ပြီးသလောက်နီးပါဖြစ်နေခဲ့ပြီလေ... သွားဖို့ပဲ ကျန်တော့တယ်...

ဟုတ်တယ်... Minho Japan မှာကျောင်းသွားတက်တော့မှာ... ချစ်ရသူရဲ့ လက်ထပ်ပွဲကိုတော့ ရင်အကွဲခံပြီး Minhoကြည့်မနေနိုင်ဘူးလေ...

Minhoသွားမယ့်အကြောင်းကို Appaကလွဲပြီး ဘယ်သူမှ မသိသေး... အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ Keyကိုတောင် မပြောဖြစ်သေးဘူး....

hyungကိုလည်း ပြတ်ပြတ်သားသား လုပ်သင့်နေပြီလေ... အကောင်းဆုံး အကြောင်းပြချက် hyungကို ကျွန်တော်ပေးမှာပါ hyung....

        *******************

"Onew hyung... Minhoကတော်တော်နောက်ကျတာပဲ... hyung ကိုဘာမှမပြောဘူးလား... ဘာလို့အတူမလာတာလဲ...."

"Hyungလည်းမသိပါဘူး Keyရယ်... သူကဒီဆိုင်မှာလာစောင့်နေပါဆိုလို့ ရောက်လာတာ... ဒီရောက်တော့မှ Keyနဲ့ Jonghyunတို့ကိုပါခေါ်ထားမှန်းသိတာ..."

Keyရဲ့ အံ့သြမှုတွေက မျက်နှာမှာအထင်းသားပေါ်နေမှာပြောစရာမလို... Bar ကို Onew hyungကို တစ်ယောက်တည်း လွှတ်တယ်လား... hyungကို သိပ်ချစ်တယ်ဆိုတဲ့ Minhoကလေ....

"hey... ရောက်နေတာကြာပြီလား...."

ဒီတစ်ခါတော့... Keyတို့ သုံးယောက် ပါးစပ် အဟောင်းသား... Minhoလုပ်လာပုံကိုလည်းကြည့်လေ... Keyတို့နဲ့ ရွယ်တူလောက်ရှိမယ်ထင်တဲ့ ခပ်ချောချောကောင်မလေးတစ်ယောက်ကို ခါးမှတင်းကျပ်စွာဖက်ကာ သူတို့ရှေ့ရောက်လာတာလေ....

"Minho.... သူ... သူက..."

Minhoဘေးမှာ ထိုင်နေတဲ့ ကောင်မလေးကို လက်ညှိုးထိုးကာ Key မေးလေတော့... Minhoနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး...

My Precious Lover [Zawgyi/Unicode]Where stories live. Discover now