EP.8

107 15 3
                                    

Zawgyi ☆

"Key တစ်ခုခုမှာလေ hyungတို့တောင် စားတာကုန်တော့မယ်... ပြီး​တော့ canteen လာတာနောက်ကျတယ်နော်...."

Onew hyung ပြောမှပဲ Key ထမင်းစားဖို့ သတိရတော့သည်....။

"ဟုတ်တယ် Onew hyungရေ... Minhoစားဖို့ မုန့်သွားပို့နေလို့..."

Minhoဆိုတာ Onew hyungရဲ့ ညီ... Keyရဲ့ သူငယ်ချင်းဆိုတာမှန်း Jonghyunသိထားသည်...။

"Minhoလေးက အချိန်မရလို့လား...."

"မဟုတ်ဘူး Onew hyung.... Minho training ဆင်းနေတဲ့ ကျောင်းဘောလုံးကွင်းနဲ့ canteen ကဝေးတော့...အသွားအပြန် လုပ်နေရင် Minho ပိုပင်ပန်းမှာစိုးလို့..."

*သူများပင်ပန်းမှာကျတော့ စိတ်ပူတက်တဲ့ ကလေးကိုယ်တိုင်ကရော အဲလို့သွားပို့တော့ မပင်ပန်းဘူးလား... သူငယ်ချင်းကို သိပ်ချစ်တာပဲလားကလေး...*ဟု Jonghyun တွေးမိသည်။

'အရင်က Minhoဆီသွားပို့ရင်း ကျွန်တော်လည်း Minhoနဲ့ အတူစားတာ... ခုက Onew hyung ကိုစောင့်ခိုင်းထားမိလို့ပြန်လာတာ... Minhoကလည်းမှာလိုက်တယ် သူ့hyung ကိုသေချာ ဂရုစိုက်တဲ့လေ..."

Jonghyun ကြည့်နေတာ... စားနေရင်းတောင် အပြောမပျက်တဲ့ကောင်လေး...

"Minhoရဲ့ ဒီတစ်ခေါက်ပြိုင်ပွဲက ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဆိုပေမဲ့ အရေးကြီးတယ် နိုင်ရင် မြို့နယ်အဆင့်ကနေ အဆင့်ဆင့်ဆက်ပြိုင်ရမှာ..."

"Minhoလေးက ငယ်ငယ်ပြောနေကြ သူကြီးလာရင် ဘောလုံးသမားလုပ်မယ်လို့လေ..."

"ဟုတ်တယ်... Onew hyung ခုပွဲကိုလည်း Minhoက သိပ်နိုင်ချင်တာ... ကျောင်းကလည်း Minhoကို အားထားတယ်လေ..."

"Keyပြောပုံအရဆို Minho ကကျောင်းကိုယ်စားပြု အတော်ဆုံးကစားသမားထင်တယ်..."

Jonghyun မေးလိုက်တော့ Minhoအတွက် ဂုဏ်ယူသော အပြုံးတစ်ခု ပြုံးပြလာတဲ့ Key....

"ဒါပေါ့ Jonghyun hyung ပြောတာမှန်တယ် Minho အရမ်းတော်တာ... ကျောင်းရဲ့ ဂုဏ်ဆောင်က Minhoလေ... အချိန်ရင် ရသလို basketball လည်း ကစားသေးတာ..."

Jonghyun hyung လို့ခေါ်လိုက်တယ်တဲ့လား ကလေး...။ ကလေးကိုယ်တိုင် အဲ့လိုခေါ်လိုက်မှန်း သတိထားမိပုံမပေါ်လောက်အောင် Minho က ကလေးကို လွှမ်းမိုးထားနိုင်တယ်လား...။ Keyစရောက်ထဲက Jonghyun ကြားနေရတာ.... Minhoအကြောင်းတွေချည်း....

My Precious Lover [Zawgyi/Unicode]Where stories live. Discover now